Connect with us

Hi, what are you looking for?

News

တော်လှန်ရေးကိုသက်ဝင်ယုံကြည်သည့် လုပ်ငန်းရှင်များ အခွန်ဆောင်နိုင်မည့်စနစ် NUG မိတ်ဆက်မည်

တော်လှန်ရေးကာလတွင် အခွန်ထမ်းလုပ်ငန်းရှင်များ စိတ်ချလုံခြုံစွာ အခွန်ဆောင်နိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးထားမည် ဖြစ်သကဲ့သို့ တော်လှန်ရေးပြီးပါကလည်း အခွန်ဆောင်ခဲ့သည့် လုပ်ငန်းရှင်များကို အခွန်သက်သာ ခွင့်၊ ကင်းလွတ်ခွင့်၊ ခုနှိမ်ခွင့် စသည့် အခွင့်အရေးများ ပေးမည်ဟု ဝန်ကြီးက ပြောကြား သည်။

တော်လှန်ရေးကိုသက်ဝင်ယုံကြည်သည့် လုပ်ငန်းရှင်များ အခွန်ဆောင်နိုင်မည့် အခွန်စနစ်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မကြာခင်မိတ်ဆက်သွားမည်ဟု စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ဩဂုတ် ၂၄ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင်းဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

ထိုသို့ အခွန်စနစ် ဖော်ဆောင်ရန် နည်းပညာပိုင်းအပါ အဝင် လိုအပ်တဲ့ ကိစ္စရပ်တွေကို လက်တွေ့ကျကျ ပြင်ဆင်ထား သည်ဟု ၎င်းက ပြောသည်။

“ဆိုလိုတာက ဒီတော်လှန်ရေးမှာ အခွန်ဆောင်မယ့် အခွန်ထမ်းပြည်သူဆိုတာ တော်လှန်ရေး မှာ လက်ရှိ တည်ဆဲ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေတို့ ဘာတို့ထဲမှာ ပါနေတဲ့ ကိစ္စရပ်တွေထဲက ဆိုကြပါစို့ တစ်နှစ်တာဝင်ငွေ ၄၈သိန်းကျော်ရင် အခွန်ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ အဲဒီလောက် အထိ အသေးစိတ်မသွားပါဘူး။ ဒီတော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ ကျွန်တော်တို့ လုပ်ငန်းရှင်များ အတွက်ကို လမ်းဖွင့်ပေးတဲ့အခွန်စနစ်တစ်ခု ကျွန်တော်တို့ NUGအနေနဲ့ မကြာခင်မှာ ပြည်သူလူထုကို ချပြသွားပါမယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးကာလတွင် အခွန်ထမ်းလုပ်ငန်းရှင်များ စိတ်ချလုံခြုံစွာ အခွန်ဆောင်နိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးထားမည် ဖြစ်သကဲ့သို့ တော်လှန်ရေးပြီးပါကလည်း အခွန်ဆောင်ခဲ့သည့် လုပ်ငန်းရှင်များကို အခွန်သက်သာ ခွင့်၊ ကင်းလွတ်ခွင့်၊ ခုနှိမ်ခွင့် စသည့် အခွင့်အရေးများ ပေးမည်ဟု ဝန်ကြီးက ပြောကြား သည်။

ယခု ဖော်ဆောင်မည့် အခွန်စနစ်သည် ပြည်သူလူထုကို ဖိအားပုံစံဖြင့်ကောက်ခံသွားမည် မဟုတ်ကြောင်း၊ တော်လှန်ရေးကာလ၌လိုအပ်သည့် ကိစ္စရပ်များ ဆောင် ရွက်ရန်၊ နိုင်ငံရေးအရ အခွန်ယန္တရား လည်ပတ်ရန် စသည်တို့အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ထို့ပြင် တော်လှန်ရေးကို သက်ဝင်ယုံကြည်သည့် အမှန်တရား ဘက်တော်သား လုပ်ငန်းရှင်များကို ရွေးချယ်ပြီး အခွန်ယဉ်ကျေးမှုဖြင့် မှတ်တမ်းတင်ထားသည့် သဘောဖြစ်ကြောင်းဝန်ကြီးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook