Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်မှ ကြွေပုဂံကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူ ၁၀၀ ကျော်ဖမ်းဆီးထား

လူ၁၀၀ကျော်အား ကြွေပုဂံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားပြီး ဖုန်းများလည်း သိမ်းဆည်းထားသည်။ ရွာသူရွာသားများ ငိုယိုတောင်းပန်သော်လည်း အိမ်များကိုဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်ရှိ ကြွေပုဂံကျေးရွာတွင်အာဏာသိမ်း စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သည့်အပြင် ရွာသူ၊ရွာသား ၁၀၀ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက် မိုးမလင်းခင် ၆နာရီဝန်းကျင်ကတည်းက စစ်ကားအမြောက်အများဖြင့် ကြွေပုဂံရွာကို ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာမွန်းလွဲ ၂ နာရီခန့်အထိ ရွာသူရွာသား ၁၀၀ကျော် ဖမ်းဆီးခံထားရကြောင်း၊ အိမ်ပေါင်း ၁၅ အိမ်ထက်မနည်း ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

လူ၁၀၀ကျော်အား ကြွေပုဂံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားပြီး ဖုန်းများလည်း သိမ်းဆည်းထားသည်။ ရွာသူရွာသားများ ငိုယိုတောင်းပန်သော်လည်း အိမ်များကိုဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“ရွာမှာ စစ်ကောင်စီကပေးတဲ့ သင်တန်းသွားတက်တဲ့ ပျူစောထီးငါးယောက်ရှိတယ်။ သူတို့တွေ သတင်းပေးပြီးခေါ်လာလို့ဖြစ်တာ။”ဟု အရာတော်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရွာသူ၊ရွာသားများလည်း ထွက်ပြေးနေရပြီး မကျန်းမာသူများမှာ ရွာအတွင်းကျန်နေခဲ့ကြောင်း ရွာခံတို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။