စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်ရှိ ကြွေပုဂံကျေးရွာတွင်အာဏာသိမ်း စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သည့်အပြင် ရွာသူ၊ရွာသား ၁၀၀ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။
ယနေ့နံနက် မိုးမလင်းခင် ၆နာရီဝန်းကျင်ကတည်းက စစ်ကားအမြောက်အများဖြင့် ကြွေပုဂံရွာကို ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာမွန်းလွဲ ၂ နာရီခန့်အထိ ရွာသူရွာသား ၁၀၀ကျော် ဖမ်းဆီးခံထားရကြောင်း၊ အိမ်ပေါင်း ၁၅ အိမ်ထက်မနည်း ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

လူ၁၀၀ကျော်အား ကြွေပုဂံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားပြီး ဖုန်းများလည်း သိမ်းဆည်းထားသည်။ ရွာသူရွာသားများ ငိုယိုတောင်းပန်သော်လည်း အိမ်များကိုဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။
“ရွာမှာ စစ်ကောင်စီကပေးတဲ့ သင်တန်းသွားတက်တဲ့ ပျူစောထီးငါးယောက်ရှိတယ်။ သူတို့တွေ သတင်းပေးပြီးခေါ်လာလို့ဖြစ်တာ။”ဟု အရာတော်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ရွာသူ၊ရွာသားများလည်း ထွက်ပြေးနေရပြီး မကျန်းမာသူများမှာ ရွာအတွင်းကျန်နေခဲ့ကြောင်း ရွာခံတို့ကပြောသည်။
