Connect with us

Hi, what are you looking for?

LuduNwayOo

News

၀ိုင်းမော်ခလရ(၅၈)တပ်တွင် ယနေ့ ပစ်ခတ်မှုထပ်ဖြစ်

စစ်ကောင်စီအနေဖြင့် အဆိုပါ ခလရ (၅၈)တပ် အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံများကိုလည်း နေရာရွှေ့ပြောင်းခိုင်းထား၍ ဒေသခံများနီးစပ်ရာသို့ သွားရောက်နေထိုင်နေကြရသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ(၅၈)တပ်တွင် ယနေ့ (ဩဂုတ်၂၈ရက်)နေ့လည် ၁နာရီဝန်းကျင်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့အသံတော်တော်ကြားရတယ်။ ပစ်တာက တစ်ဖက်တည်းပါပဲ။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ သေနတ်သံတွေက တစ်ဖက်အသံပဲ။ သူတို့က လက်နက်အကုန်ခံပြီးမှ ပစ်နေတာပဲ”ဟု ၎င်းက ​ပြော သည်။

အဆိုပါ ၀ိုင်းမော် ခလရ(၅၈)တပ်ကို ကချင်လက်နက် ကိုင်အဖွဲ့(KIA)က ဇူလိုင် ၂၉ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လဆန်းမှစ၍ အဆိုပါ တပ်စခန်းမှ တစ်ဖက်သတ်ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဇူလိုင် ၂၉ရက် တိုက်ခိုက်မှုကို KIAက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း ပစ်ခတ်မှုများတွင် KIA မပါဝင်ကြောင်း စစ်ကောင်စီတပ်က တစ်ဖက်သတ်တိုက်ပွဲဖော်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အဆိုပါ ခလရ (၅၈)တပ် အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံများကိုလည်း နေရာရွှေ့ပြောင်းခိုင်းထား၍ ဒေသခံများနီးစပ်ရာသို့ သွားရောက်နေထိုင်နေကြရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။...

နိုင်ငံတကာ

လူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်ကို လူအများကြား ယူဆောင်သွားမှုတွေ အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။