Connect with us

Hi, what are you looking for?

News

၀ိုင်းမော်ခလရ(၅၈)တပ်တွင် ယနေ့ ပစ်ခတ်မှုထပ်ဖြစ်

စစ်ကောင်စီအနေဖြင့် အဆိုပါ ခလရ (၅၈)တပ် အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံများကိုလည်း နေရာရွှေ့ပြောင်းခိုင်းထား၍ ဒေသခံများနီးစပ်ရာသို့ သွားရောက်နေထိုင်နေကြရသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ(၅၈)တပ်တွင် ယနေ့ (ဩဂုတ်၂၈ရက်)နေ့လည် ၁နာရီဝန်းကျင်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့အသံတော်တော်ကြားရတယ်။ ပစ်တာက တစ်ဖက်တည်းပါပဲ။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ သေနတ်သံတွေက တစ်ဖက်အသံပဲ။ သူတို့က လက်နက်အကုန်ခံပြီးမှ ပစ်နေတာပဲ”ဟု ၎င်းက ​ပြော သည်။

အဆိုပါ ၀ိုင်းမော် ခလရ(၅၈)တပ်ကို ကချင်လက်နက် ကိုင်အဖွဲ့(KIA)က ဇူလိုင် ၂၉ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လဆန်းမှစ၍ အဆိုပါ တပ်စခန်းမှ တစ်ဖက်သတ်ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဇူလိုင် ၂၉ရက် တိုက်ခိုက်မှုကို KIAက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း ပစ်ခတ်မှုများတွင် KIA မပါဝင်ကြောင်း စစ်ကောင်စီတပ်က တစ်ဖက်သတ်တိုက်ပွဲဖော်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အဆိုပါ ခလရ (၅၈)တပ် အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံများကိုလည်း နေရာရွှေ့ပြောင်းခိုင်းထား၍ ဒေသခံများနီးစပ်ရာသို့ သွားရောက်နေထိုင်နေကြရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။