ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများပြားခဲ့သည့် စစ်ကောင်စီ၏ ခလရ (၂၃၀) တပ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အခြေစိုက်တပ်ဖြစ်ကြောင်း ကရင်ဒေသခံတစ်ဦးက ပြောသည်။
ခလရ (၂၃၀)သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖြစ်ပြီး ရှမ်းမြောက်၊ မုံးကိုးဒေသသို့ စစ်ဆင်ရေး သွားရောက်စဉ် ဩဂုတ် ၂၈ရက်က ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်က အနည်းဆုံး ၅ဦးသေဆုံးပြီး ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း MNDAAက ထုတ်ပြန်ထား သည်။ သေဆုံးသူများအနက် စစ်ကောင်စီတပ်ရင်းမှူး လည်းပါဝင်ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေသို့လည်းထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်ကတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Public Service Announcement



















































