Connect with us

Hi, what are you looking for?

News

နွားကျောင်းသားကိုကိုက်သည့် ကျား၏ခြေရာ ပွင့်ဖြူ – စေတုတ္တရာနယ်စပ်မှာတွေ့

“ပွင့်ဖြူရဲ့အထက်ဘက်တောတောင်နီးတဲ့ ဘက်မှာခြေရာတွေတွေ့တယ်လို့ ပြောတယ်။ ပွင့်ဖြူမြို့နယ်ရဲ့ အနောက်ခြမ်းအုပ်စုပေါ့ မယ်ဇလီအုပ်စုပေါ့။ စေတုတ္တရာနဲ့ နီးစပ်တဲ့ကျေးရွာတွေနားမှာတွေ့တာ” ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ နွားကျောင်းသားတစ်ဦးကို ကိုက်ခဲ့သည့် ကျား၏ ခြေရာကို ပွင့်ဖြူ-စေတုတ္တရာ အစပ်၌ တွေ့ရပြီး စေတုတ္တရာမြို့နယ်ဘက်ရှိ တောတောင်ရှိရာဘက်သို့ ဦးတည်နေကြောင်း ဒေသခံကပြောသည်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ ကိုစန်းဝင်းဆိုသူသည် ဩဂုတ် ၂၈ရက်က ကျားကိုက်ခံရပြီး ခြေထောက်၌ ဒဏ်ရာရရှိခဲ့သည်။

နွားကျောင်းသားကို ကိုက်သည့် ကျားသည်လွတ်မြောက်သွားပြီး ယနေ့ ဩဂုတ် ၃၀ရက် နံနက်တွင် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာအစပ်ရှိ မဲဇလီကျေးရွာအုပ်စုရှိလယ်ခင်းများ၌ ကျားခြေရာကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“ပွင့်ဖြူရဲ့အထက်ဘက်တောတောင်နီးတဲ့ ဘက်မှာခြေရာတွေတွေ့တယ်လို့ ပြောတယ်။ ပွင့်ဖြူမြို့နယ်ရဲ့ အနောက်ခြမ်းအုပ်စုပေါ့ မယ်ဇလီအုပ်စုပေါ့။ စေတုတ္တရာနဲ့ နီးစပ်တဲ့ကျေးရွာတွေနားမှာတွေ့တာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနေရာမှ စေတုတ္တရာဘက်သို့ ဆက်တက်သွားပါက ကြီးအုံကြီး၀ တမံဘက်ရောက်ရှိမည်ဖြစ်ပြီး မြောင်ဦး ကြိုး၀ိုင်းနှင့် ဆက်စပ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

News

“နွားကျောင်းနေတုန်းကိုလာကိုက်တာ။ သူလည်း နည်းနည်းပါးပါးတော့ တက်နိုင်သလောက်ခုခံမှာပေါ့ အဲဒီမှာ နွားနဲ့ ဘာနဲ့ လူသွားလူလာနဲ့ လွတ်သွားပုံရပါတယ်” ဟု ၎င်းက ဆိုသည်။