Connect with us

Hi, what are you looking for?

News

ပွင့်ဖြူမြို့နယ်တွင် နွားကျောင်းသားတစ်ဦး ကျားကိုက်ခံရ

“နွားကျောင်းနေတုန်းကိုလာကိုက်တာ။ သူလည်း နည်းနည်းပါးပါးတော့ တက်နိုင်သလောက်ခုခံမှာပေါ့ အဲဒီမှာ နွားနဲ့ ဘာနဲ့ လူသွားလူလာနဲ့ လွတ်သွားပုံရပါတယ်” ဟု ၎င်းက ဆိုသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာအနီးတွင် နွားကျောင်းနေသည့် အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၂၈ရက်)တွင် ကျားကိုက်ခံရ၍ ပေါင်၌ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နွားကျောင်းနေတုန်းကိုလာကိုက်တာ။ သူလည်း နည်းနည်းပါးပါးတော့ တက်နိုင်သလောက်ခုခံမှာပေါ့ အဲဒီမှာ နွားနဲ့ ဘာနဲ့ လူသွားလူလာနဲ့ လွတ်သွားပုံရပါတယ်” ဟု ၎င်းက ဆိုသည်။

ကျားကိုက်ခံရသူမှာ အသက် ၄၀ကျော်အရွယ်ရှိ ဦးစန်းဝင်းဆိုသူဖြစ်ပြီး ယခင်က အဆိုပါဒေသတစ်၀ိုက်၌ ကျားကိုက်ခံရသည့် ဖြစ်စဉ်မရှိကြောင်း၊ ကျားနေထိုင်နိုင်လောက်သည့် တောတောင်ကြီးကြီးမားမားပင်မရှိကြောင်း ဒေသခံက ပြောသည်။

“သူတို့ ပြောပုံအရဆိုရင် ကျားက အတော်အကောင်ကြီးပုံရတယ်။ ခြေရာတွေဘာတွေတိုင်းတော့ ခြေရာက လက် လေးလုံးသာသာလောက် ရှိတယ်လို့ ထင်တယ်။ ကျားရဲ့ ခြေရာကို ကြည့်ခြင်းအားဖြင့် ကျားအကောင်ကတော်တော်ကြီးမယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၊ အဆိုပါဒေသသို့ ကျားရောက်လာခြင်းမှာ တောတောင် ပြုန်းတီးမှုများကြောင့်အစာရေစာ ရှားပါးပြီး မျက်စိ လည်လမ်းမှား ရောက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပွင့်ဖြူမြို့နယ်တောင်ပိုင်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။