Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ပြုလုပ်သူများလာ၍ သတင်းအမှားလွှင့်၍ တပ်တွင်းဝါဒဖြန့်နေ

သြဂုတ် ၂၉ ရက်ညမှာပင် မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ တွင်အထက်ပါ ကြေးနန်းဖတ်ပြသောဗိုလ်ကြီးတစ်ဦးကို တပ်သားက MA1နှင့်ပစ်သတ်ပြီး ကိုယ်တိုင်လည် သေနတ်ဖြင့်ပစ်၍အဆုံးစိရင်သွားကြောင်းလည်း ၎င်းကဆက်လက်ရေးသားထားသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း အကြမ်းမဖက်အာဏာဖိဆန်ရေးပြုလုပ်၍ ပြည်သူနှင့်ပူးပေါင်း (CDM ပြုလုပ်သော) သူများလာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးတော့မည်ဖြစ်သလိုရွေးကောင်ပွဲလည်းပြုလုပ်မည်ဖြစ်သဖြင့် အခြေအနေများပုံမှန်ဖြစ်တော့မည်ဖြစ်၍ CDMဝင်ရန်မလိုတော့ကြောင်းသတင်းအမှားထုတ်လွှင့်၍ ဝါဒဖြန့်နေကြောင်းသိရသည်။

ကိုယ်တိုင် CDMဝင်ခဲ့သောဗိုလ်ကြီးဖြစ်ပြီး CDM ဝင်သောစစ်သားများကိုကူညီပေးနေသော ဗိုလ်ကြီးလင်းထက်အောင်က သြဂုတ် ၂၉ ရက်တွင် ကက(ကြည်း)မှ တပ်များအားလုံးထံသို့
သြဂုတ် ၂၉ ရက်နေ့ညနေပိုင်း၅နာရီနောက်ပိုင်းတွင် ကြေးနန်းတစ်စောင်ရောက်လာပြီးဝါဒဖြန့်ခိုင်းခြင်းဖြစ်ကြောင်း အတည်ပြုရေးသားထားသည်။

“ကြေးနန်းစာတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားပြည်လည်လွတ်ပေးပြီး ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါသောကြောင့်တပ်တွင်းစည်းလုံးမှုအင်အားမပျက်ပြားအောင်ပြုလုပ်ရန်၊CDMပြုလုပ်ဖို့မလိုဘဲ ယခင်ပုံမှန်အခြေအနေသို့ပြန်လည်ရောက်တော့မည်ဖြစ်ကြောင်း Psywar သုံးပြီး စည်းရုံးရေးပြုလုပ်နေ” ဟု ဗိုလ်ကြီးလင်းထက်အောင်က တပ်တွင်းမှရသောသတင်းကို ပြန်လည်မျှဝေခဲ့သည်။

ထိုအပြင် သြဂုတ် ၂၉ ရက်ညမှာပင် မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ တွင်အထက်ပါ ကြေးနန်းဖတ်ပြသောဗိုလ်ကြီးတစ်ဦးကို တပ်သားက MA1နှင့်ပစ်သတ်ပြီး ကိုယ်တိုင်လည် သေနတ်ဖြင့်ပစ်၍အဆုံးစိရင်သွားကြောင်းလည်း ၎င်းကဆက်လက်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါသတင်းကို ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သော ခိုနူမ်းသုန်ကလည်းအတည်ပြုပြီး ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဝါဒဖြန့်ကြေးနန်းဖတ်ပြသောဗိုလ်ကြီးကိုပစ်သတ်၍ ကိုယ်တိုင်အဆုံးစီရင်သွားခြင်းဖြစ်ကြောင်းအတည်ပြုဖော်ပြသည်။

“လူလွတ်တွေထဲပဲ စစ်တပ်ထဲမှာ CDM ဝင်ဖို့က အနည်းဆုံး ၅ ယောက်လောက်ရှိတယ်ထယ်၊ အဲ့လိုမျိုးရှိတယ်ဆိုတော့ ဗိုလ်မူးတွေက CDM မဝင်ဖို့ အခု အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်ပေးတော့မယ် ရွေးကောက်ပွဲလည်း ပြန်လုပ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ပေါ့ CDM လည်း ဝင်စရာမလိုဘူးပေါ့ပြောတာ သူတို့ကြားထဲမှာ ပဋ္ဋိပက္ခဖြစ်တယ်ထင်တယ်။ စစ်သားတယောက်က ထပြီးတော့ M1 သေနတ်နဲ့ တခါတည်း ဗိုလ်းမှုးကိုပစ်ပြီးတော့ သူ့ကိုယ်သူလည်း အဆုံးစီရင်လိုက်တယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ နှစ်ဦးစလုံး သေဆုံးသွားသည်ဟုလည်းပါရှိသည်။

ယခုအခါအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ထဲပါဝင်လာသော စစ်သား (၁၅၀၀) ကျော်ရှိနေပြီး ထပ်မံ၍ ၅၀၀ ခန့် CDM ဝင်ရန်ဆက်သွယ်လာကြောင်း ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည် စစ်သားနှင့်ရဲများကိုစစ်အာဏာရှင်အမိန့်ကို မနာခံဘဲ ပြည်သူရင်ခွင်ခိုလှုံပါက ရာထူး ၊လစာ ၊ပင်ရင် ၊လုံခြုံရေး ၊ မိသားစုရပ်တည်ရေး တို့အတွက်တာဝန်ယူကြောင်း သြဂုတ်တတိယပါတ်တွင်ဖိတ်ခေါ်ထားသည်။ထိုအပြင် ဖက်ဒရယ်တပ်မတော်တွင်ဆက်လက်တာဝန်ထမ်းဆောင်လိုပါကလည်း ထမ်းဆောင်ခွင့်ပြုမည်ဟုဖိတိခေါ်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လက်မှတ်တွေနဲ့ ထွက်ပေါ်လာတဲ့ အဲဒီ ထုတ်ပြန်ချက်နှစ်စောင်ဟာ ဒီနေ့မနက်ပိုင်းမှာ စတင်ပျံ့နှံလာတာပါ။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။