Connect with us

Hi, what are you looking for?

News

CDM ပြုလုပ်သူများလာ၍ သတင်းအမှားလွှင့်၍ တပ်တွင်းဝါဒဖြန့်နေ

သြဂုတ် ၂၉ ရက်ညမှာပင် မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ တွင်အထက်ပါ ကြေးနန်းဖတ်ပြသောဗိုလ်ကြီးတစ်ဦးကို တပ်သားက MA1နှင့်ပစ်သတ်ပြီး ကိုယ်တိုင်လည် သေနတ်ဖြင့်ပစ်၍အဆုံးစိရင်သွားကြောင်းလည်း ၎င်းကဆက်လက်ရေးသားထားသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း အကြမ်းမဖက်အာဏာဖိဆန်ရေးပြုလုပ်၍ ပြည်သူနှင့်ပူးပေါင်း (CDM ပြုလုပ်သော) သူများလာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးတော့မည်ဖြစ်သလိုရွေးကောင်ပွဲလည်းပြုလုပ်မည်ဖြစ်သဖြင့် အခြေအနေများပုံမှန်ဖြစ်တော့မည်ဖြစ်၍ CDMဝင်ရန်မလိုတော့ကြောင်းသတင်းအမှားထုတ်လွှင့်၍ ဝါဒဖြန့်နေကြောင်းသိရသည်။

ကိုယ်တိုင် CDMဝင်ခဲ့သောဗိုလ်ကြီးဖြစ်ပြီး CDM ဝင်သောစစ်သားများကိုကူညီပေးနေသော ဗိုလ်ကြီးလင်းထက်အောင်က သြဂုတ် ၂၉ ရက်တွင် ကက(ကြည်း)မှ တပ်များအားလုံးထံသို့
သြဂုတ် ၂၉ ရက်နေ့ညနေပိုင်း၅နာရီနောက်ပိုင်းတွင် ကြေးနန်းတစ်စောင်ရောက်လာပြီးဝါဒဖြန့်ခိုင်းခြင်းဖြစ်ကြောင်း အတည်ပြုရေးသားထားသည်။

“ကြေးနန်းစာတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားပြည်လည်လွတ်ပေးပြီး ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါသောကြောင့်တပ်တွင်းစည်းလုံးမှုအင်အားမပျက်ပြားအောင်ပြုလုပ်ရန်၊CDMပြုလုပ်ဖို့မလိုဘဲ ယခင်ပုံမှန်အခြေအနေသို့ပြန်လည်ရောက်တော့မည်ဖြစ်ကြောင်း Psywar သုံးပြီး စည်းရုံးရေးပြုလုပ်နေ” ဟု ဗိုလ်ကြီးလင်းထက်အောင်က တပ်တွင်းမှရသောသတင်းကို ပြန်လည်မျှဝေခဲ့သည်။

ထိုအပြင် သြဂုတ် ၂၉ ရက်ညမှာပင် မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ တွင်အထက်ပါ ကြေးနန်းဖတ်ပြသောဗိုလ်ကြီးတစ်ဦးကို တပ်သားက MA1နှင့်ပစ်သတ်ပြီး ကိုယ်တိုင်လည် သေနတ်ဖြင့်ပစ်၍အဆုံးစိရင်သွားကြောင်းလည်း ၎င်းကဆက်လက်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါသတင်းကို ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သော ခိုနူမ်းသုန်ကလည်းအတည်ပြုပြီး ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဝါဒဖြန့်ကြေးနန်းဖတ်ပြသောဗိုလ်ကြီးကိုပစ်သတ်၍ ကိုယ်တိုင်အဆုံးစီရင်သွားခြင်းဖြစ်ကြောင်းအတည်ပြုဖော်ပြသည်။

“လူလွတ်တွေထဲပဲ စစ်တပ်ထဲမှာ CDM ဝင်ဖို့က အနည်းဆုံး ၅ ယောက်လောက်ရှိတယ်ထယ်၊ အဲ့လိုမျိုးရှိတယ်ဆိုတော့ ဗိုလ်မူးတွေက CDM မဝင်ဖို့ အခု အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်ပေးတော့မယ် ရွေးကောက်ပွဲလည်း ပြန်လုပ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ပေါ့ CDM လည်း ဝင်စရာမလိုဘူးပေါ့ပြောတာ သူတို့ကြားထဲမှာ ပဋ္ဋိပက္ခဖြစ်တယ်ထင်တယ်။ စစ်သားတယောက်က ထပြီးတော့ M1 သေနတ်နဲ့ တခါတည်း ဗိုလ်းမှုးကိုပစ်ပြီးတော့ သူ့ကိုယ်သူလည်း အဆုံးစီရင်လိုက်တယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ နှစ်ဦးစလုံး သေဆုံးသွားသည်ဟုလည်းပါရှိသည်။

ယခုအခါအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ထဲပါဝင်လာသော စစ်သား (၁၅၀၀) ကျော်ရှိနေပြီး ထပ်မံ၍ ၅၀၀ ခန့် CDM ဝင်ရန်ဆက်သွယ်လာကြောင်း ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည် စစ်သားနှင့်ရဲများကိုစစ်အာဏာရှင်အမိန့်ကို မနာခံဘဲ ပြည်သူရင်ခွင်ခိုလှုံပါက ရာထူး ၊လစာ ၊ပင်ရင် ၊လုံခြုံရေး ၊ မိသားစုရပ်တည်ရေး တို့အတွက်တာဝန်ယူကြောင်း သြဂုတ်တတိယပါတ်တွင်ဖိတ်ခေါ်ထားသည်။ထိုအပြင် ဖက်ဒရယ်တပ်မတော်တွင်ဆက်လက်တာဝန်ထမ်းဆောင်လိုပါကလည်း ထမ်းဆောင်ခွင့်ပြုမည်ဟုဖိတိခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။