Connect with us

Hi, what are you looking for?

LuduNwayOo

News

💉ကာကွယ်ဆေးထိုးနှံမယ့်အခြေအနေက ဘယ်လိုရှိပါသလဲ

ရွေးကောက်ခံ အစိုးရလက်ထက်က အိန္ဒိနိုင်ငံရဲ့ လှူဒါန်းမှုနဲ့ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး Covishield အလုံးရေ ၁.၅ သန်း ဇန်နဝါရီ ၂၂ ရက်က ရောက်လာခဲ့တာဖြစ်ပြီး အများပြည်သူကို စနစ်တကျအဆင့်ဆင့် ထိုးနှံဖို့ပြင်ဆင်ချိန်မှာပဲ စစ်တပ်က အာဏာသိမ်းသွားခဲ့တာပါ။

တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လှူထားတာအပါအဝင် ပြည်သူ့ဘဏ္ဍာ နဲ့ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၀ သန်းကျော်ပြည်တွင်းမှာ ရောက်ရှိထိုးနှံနေတာဖြစ်ပါတယ်။

လက်ရှိထိုးနှံပေးနေတဲ့ကာကွယ်ဆေးတွေက စစ်ကာင်စီရဲ့ ဆေးတွေမဟုတ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ရှာဖွေစုဆောင်းစီစဥ်ထားတဲ့အတိုင်း ဒီအချိန်မှာထိုးရမှာဖြစ်လို့ ထိုးနှံနေတာဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရွေးကောက်ခံ အစိုးရလက်ထက်က အိန္ဒိနိုင်ငံရဲ့ လှူဒါန်းမှုနဲ့ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး Covishield အလုံးရေ ၁.၅ သန်း ဇန်နဝါရီ ၂၂ ရက်က ရောက်လာခဲ့တာဖြစ်ပြီး အများပြည်သူကို စနစ်တကျအဆင့်ဆင့် ထိုးနှံဖို့ပြင်ဆင်ချိန်မှာပဲ စစ်တပ်က အာဏာသိမ်းသွားခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီက ပြည်သူ့ဘဏ္ဍာနဲ့ တရုတ်က ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ Sinopharm နဲ့ Sinovac တွေကိုဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

အခုလိုလူအမြောက်အများသေဆုံးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထိုးပေးနေတဲ့ ကာကွယ်ဆေးစုရပ်တွေမှာ သွားထိုးသူတွေရှိသလို ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ ဆေးရုံတွေအစဥ်နဲ့ အခပေးထိုးနဲ့ရတဲ့နေရာတွေမှာလည်း Sinopharm ကို သွားရာက်ထိုးနှံနေကြတာရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှ့ပြီးသူက ၁.၈ သန်းကျော်ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စုစုပေါင်းလှူထားတာရော ဝယ်ထားတာရော ကာကွယ်ဆေးစုစုပေါင်းအလုံးရေက ၁၀.၂ သန်းကျော်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။

NUG အနေနဲ့လည်း ဖေဖော်ဝါရီ တတိယပတ်ကတည်းက ကာကွယ်ဆေးရရှိရေးဆောင်ရွက်နေတာရှိပြီး Pfizer အလုံးရေ ၄ သန်းကျော်နဲ့ Sinovac အလုံးရေ နှစ်သန်းကျော်ရရှိဖို့ ရှိသလို ဒီချုပ်ပါတီအစိုးရလက်ထက်က ဝယ်ထားတဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ဆေး အလုံးရေ ၁၅ သန်းကျော်လည်းရဖို့ ရှိတယ်လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြီးခဲ့ရက်တစ်ပတ်က ပြုလုပ်တဲ့ NUG သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။