Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နေရာနှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများ

“သူတို့ဘက်က ခန့်မှန်းခြေတော့ ၅၀၊ ၆၀ လောက်ရှိမယ်ထင်တယ်။ စစ်ကြောင်းက ပုသိမ်-မုံရွာလမ်းအတိုင်း ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက သူတို့က ရောက်လာတာ။ ရောက်လာပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်မယ့်သဘော။ အဲဒီမှာ စထွက်တာမှာတင် သူတို့ ဆွဲမိုင်းတွေမိတဲ့သဘောပဲ။ PDF က တစ်ယောက် ကျတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

ပေါက်မြို့နယ် တောင်ပိုင်း၌ အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းတစ်ခုနှင့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဩဂုတ် ၃၀ရက်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ပုသိမ်-မုံရွာလမ်းမှတစ်ဆင့် ပေါက်မြို့နယ် ကင်းမရွာဘက်သို့ ကျေးလက်လမ်းအတိုင်း ဝင်လာသည့် စစ်မော်တော်ယာဉ် ၅စီးကို PDFတပ်ဖွဲ့ဝင်များက ဒိန်းကွင်း နှင့် ကင်းမရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများခဲ့သည်ဟု PDFများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ဘက်က ခန့်မှန်းခြေတော့ ၅၀၊ ၆၀ လောက်ရှိမယ်ထင်တယ်။ စစ်ကြောင်းက ပုသိမ်-မုံရွာလမ်းအတိုင်း ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက သူတို့က ရောက်လာတာ။ ရောက်လာပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်မယ့်သဘော။ အဲဒီမှာ စထွက်တာမှာတင် သူတို့ ဆွဲမိုင်းတွေမိတဲ့သဘောပဲ။ PDF က တစ်ယောက် ကျတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပေါက်မြို့အနီးရှိ ကျေးရွာတစ်ခုမှ ခြေလျင်တက်လာသည် အင်အား ၄၀ခန့်ပါ စစ်ကြောင်းကို ပင်ထောင်ရွာနှင့် ဝန်ခြုံးရွာကြား၌ မိုင်းဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်မှ ၇ဦး သေဆုံးခဲ့ဟု ပေါက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖြစ်စဉ်က ဝန်ခြုံးကို ထိုးစစ်ဆင်မယ့်ပုံစံမျိုးနဲ့လာတာ။ ပေါက်မြို့နားမှာ အိပ်၊ အိပ်ပြီး ခြေလျင်သွားကြတာ။ အဲဒီပင်ထောင်ကလူတွေက လာကြို။ လာကြိုပြီးတော့ ဟိုဘက်ကျတော့ ဝန်ခြုံးကူးမှာပေါ့ ကူးတော့ကျတော့ မိုင်းဆွဲခံရတာ” ဟု ၎င်း ကဆိုသည်။

ဝန်ခြုံးရွာသည် စစ်ကောင်စီတပ် ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့် ကင်းမရွာနှင့် မိုင်အနည်းသာ ကွာဝေးသည့် ရွာတစ်ခုဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် ပေါက်မြို့နယ်တောင်ပိုင်းဒေသများရှိ PDFများကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ တောတောင်ထူထပ်သည့် ဒေသဖြစ်၍ အလွယ်တကူအောင်မြင်နိုင်မည် မဟုတ်ကြောင်း ဒေသခံက ပြောသည်။

ယနေ့မနက်တွင်လည်း စစ်ကောင်စီတပ်များက ဝန်ခြုံးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပေါက်မြို့နယ်ဟစ်တိုင်က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။