Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၄၀ဦးရှိပြီ

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၃၀) ညနေပိုင်းက စစ်တပ် တပ်စွဲထားသည့် နေရာကို ဗုံးပစ်သည်ဟုဆိုကာ စစ်သားများက ဆိုင်ကယ်သမား နှစ်ဦးကို ပစ်ခတ်ရာမှ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးနေဝင်းကို ထိမှန်ကာကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့မှ အပြစ်မဲ့ပြစ်သူနှစ်ဦး ထပ်မံကျဆုံး၍ စစ်အာဏာ ရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၀ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (ဩဂုတ်၃၁ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၀၆၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၉ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၃၀) ညနေပိုင်းက စစ်တပ် တပ်စွဲထားသည့် နေရာကို ဗုံးပစ်သည်ဟုဆိုကာ စစ်သားများက ဆိုင်ကယ်သမား နှစ်ဦးကို ပစ်ခတ်ရာမှ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးနေဝင်းကို ထိမှန်ကာကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သဲဖြူဝရွာမ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မျိုးဇင်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ လက်ပြန်ကြိုးတုပ်၍ ယမန်နေ့ (ဩဂုတ် ၃၀) ည ၉ နာရီတွင် ရွာထိပ်၌ ပစ်သတ်သွားခဲ့ကြောင်း ထပ်မံအသိပေးထားသည်။

ယမန်နေ့ (ဩဂုတ် ၃၀) နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုရဲရင့်အောင်ကို ကူးတို့ကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ လူငယ် တစ်ဦးဖြစ်သူ ကိုအောင်မိုးကျော်ကို နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ယင်းနေ့တွင်ပင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ကြောင်း ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။