Connect with us

Hi, what are you looking for?

News

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့်ဒေသရှိ ပြည်သူများသတိပြုရန် အချက်များ NUG ထုတ်ပြန်

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက “ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ”အားအပိုင်းလိုက် အသိပေးထုတ်ပြန်လျက်ရှိရာ ယခုထုတ်ပြန်မှုသည် အပိုင်း(၄)ဖြစ်သည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများရှိ အရပ်သားပြည်သူများအတွက် သတိပြုရန် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထပ်မံထုတ်ပြန်သည်။

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက “ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ”အားအပိုင်းလိုက် အသိပေးထုတ်ပြန်လျက်ရှိရာ ယခုထုတ်ပြန်မှုသည် အပိုင်း(၄)ဖြစ်သည်။

လက်နက်ကြီး ပစ်ခတ်နိုင်သည့် ဒေသများတွင် နေထိုင်သူများ အနေဖြင့် နေအိမ်တွင် ကတုတ်ကျင်း၊ ဗုံးခိုကျင်းတူးခြင်း (သို့မဟုတ်) သဲအိတ်များဖြင့် ဗုံးခိုလှုံရန် နေရာများ ဖန်တီးခြင်းတို့ကို ပြုလုပ်ရန်၊ အမိုးပြုလုပ်ရန် လိုအပ်ပါက သက်ကယ်၊ မိုးကာစသည်တို့ဖြင့် အုပ်မိုးရန် ဖော်ပြထားသည်။

ကတုတ်ကျင်းနှင့် ဗုံးခိုရန်နေရာ ပြုလုပ်ရန် မလွယ်ကူပါက နေအိမ်တွင် အတွင်းပိုင်းအကျဆုံးနှင့် အလုံခြုံဆုံးအခန်းတစ်ခုကို သတ်မှတ်၍ ပုန်းအောင်း ခိုလှုံရန်၊ မှန်ကာထားသည့် အခန်း၊ အပြင်ဘက်နှင့် ထိစပ်နေသည့် အခန်းမျိုးကို အသုံးမပြုရန်၊ ဖြစ်နိုင်ပါက အဆိုပါအခန်းတွင် ဆန်အိတ်များ၊ သဲအိတ်များ သို့မဟုတ် ဘိလပ်မြေအိတ်များ စသည်တို့ကို အသုံးပြု၍ ပုန်းအောင်စရာနေရာ ဖန်တီးထားရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မိမိနေအိမ်အနီး လက်နက်ကြီးပစ်ခတ်သံ ကျယ်လောင်စွာ ကြားရပါက သက်ကြီး ရွယ်အိုများ၊ မီးနေသည်များနှင့် ကလေးသူငယ်များ အလွန်အမင်း ထိတ်လန့်နိုင်သည့်အတွက် နားတွင်းပိတ်ဆို့စရာ၊ ဂွမ်းစ၊ ပတ်တီးလိပ် စသည်တို့ကိုသုံး၍ နားတွင် ပိတ်ဆို့ပေးထားရန် ဖော်ပြထားသည်။

ပြင်းထန်သည့် ပေါက်ကွဲသံကြောင့် နားစည်ကွဲနိုင်သည့် အတွက်နားကို ပိတ်ပြီး ပါးစပ်ကိုဟထားရန်လည်း အသိပေးထားသည်။

မိမိနှင့် နီးကပ်သည့် အကွာအဝေးမှ လေယာဉ်သံကြားခဲ့ပါက အပြင်ဘက်သို့ လုံး၀ ထွက်မကြည့်ဘဲ ပုန်းအောင်းနေသည့် နေရာ၌ပင် ဆက်လက်နေထိုင်ရန် ၊ လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်သည်ကို ကြိုတင်စဉ်းစား၍ အကာအကွယ်များ ရရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရန်ထုတ်ပြန်ထားသည်။

မိမိနေအိမ်သည် အဝင်အထွက်လမ်းမကြောတွင် တည်ရှိပါက လုံခြုံရေးကို ပို၍ ဂရုစိုက်ပြင်ဆင်ရန်လည်း ဖော်ပြထားသည်။

အသုံးပြုပြီး မပေါက်ကွဲသေးသော စစ်လက်နက် ခဲယမ်းပစ္စည်းများ ဖြစ်သည့် လက်ပစ်ဗုံး၊ မော်တာကျည်၊ ဒုံးကျည်တို့ကို တွေ့ပါက အလွန်အန္တရာယ်ကြီးမားသောကြောင့် ကိုင်တွယ်ခြင်း၊ ထိခြင်း၊ ခြေဖြင့်ကန်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ မီးရှို့ခြင်းလုံး၀ မပြုလုပ်ရန်လည်း ထုတ်ပြန်ထားသည်။ အဆိုပါ မပေါက်ကွဲသေးသော စစ်လက်နက်ခဲယမ်းများသည် ပေါက်ကွဲလုလု ဖြစ်နေတက်ပြီး အသာအယာ တို့ထိမိရုံဖြင့် ပေါက်ကွဲနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook