Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၄၃ ဦးရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ဖော်ပြထားသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တို့မှ အပြစ်မဲ့ပြစ်သူနှစ်ဦး ထပ်မံသေဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၃ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (စက်တင်ဘာ ၂ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၁၃၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ကတိုက်ကျေးရွာအုပ်စု အောင်သစ္စာအောင်မေတ္တာရပ်ကွက်တွင် ယမန်နေ့ (စက်တင်ဘာ ၁) ည ၁၀ နာရီကျော်ခန့်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့သည့်အတွက် ကိုယ်ဝန် ငါးလဆောင်ထားသည့် မအိသွယ်မိုးသည် နေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင် (ခ) ပူးဒေးမှာ နားကို ကျည်ထိမှန်ခဲ့ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ မအိသွယ်မိုးသည် ငါးရှာထွက်သည့် ခင်ပွန်းကို သွားကြိုပြီး အိမ်သို့ အတူပြန်လာစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်မှ ကိုသန်းစိုးအောင်သည် ဆိုင်ကယ်စီး၍ ငါးပိုက်သွားဖြုတ်စဉ် မြဝတီဘဏ်စောင့်သည့် စစ်သားများမှ ပစ်ခတ်ခဲ့သည့်အတွက် ဆီးခုံကို ကျည်ထိမှန်ခဲ့ပြီး ဆေးရုံရောက်ပြီးနောက် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်ခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သော ညီညီအောင်ထက်နိုင်၏ မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို အကြမ်းဖက်စစ်အုပ်စုမှ စက်တင်ဘာလ ၁ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးသွားခဲ့သည်။ ညီညီအောင်ထက်နိုင်၏ အမွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း အေအေပီပီက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို အကြမ်းဖက်စစ်အုပ်စုမှ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဩဂုတ်လ ၃၁ ရက်က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။