Connect with us

Hi, what are you looking for?

News

တစ်ဒေါ်လာ ၁,၈၃၀ ကျပ်ဖြင့်ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း

စစ်ကောင်စီ၏ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာကို ၁,၇၀၁ ကျပ်ဈေးနှုန်းသတ်မှတ်ချိန်တွင် ပြည်ပမှောင်ခို ဈေးကွက်တစ်ဒေါ်လာကို ၁,၈၃၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်း​ငွေ​ကြေး​ဈေးကွက်တွင် ယ​နေ့ (စက်တင်ဘာ ၃ ရက်) အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၃၀ ကျပ်အထိမြင့်တက်လာပြီး စစ်တပ်အာဏာသိမ်းခဲ့သည့် ၇လအတွင်း တစ်ဒေါ်လာကို ကျပ် ၅၀၀ နီးပါးမြင့်ပြီး ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်း​နေကြောင်း ပြည်တွင်းငွေလဲလှယ်​ရေးဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာကို ၁,၇၀၁ ကျပ်ဈေးနှုန်းသတ်မှတ်ချိန်တွင် ပြည်ပမှောင်ခို ဈေးကွက်တစ်ဒေါ်လာကို ၁,၈၃၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က အမေရိကန်တစ်ဒေါ်လာကို ၁၃၃၇ ကျပ်ရှိခဲ့ပြီး အာဏာသိမ်းပြီး ၇ လကျော်အကြာတွင် ၁၈၃၀ ကျပ်အထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။ ထို​ကြောင့် ခုနှစ်လအတွင် တစ်ဒေါ်လာလျှင် ၄၉၃ ကျပ် ​ဈေးတက်ခဲ့ခြင်းဖြစ်ပြီး ၊ကျပ်​ငွေတန်ဖိုးမှာ ၃၇ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်သည်။ တစ်ဒေါ်လာလျှင် ၁,၈၃၀ ကျပ်​ဈေးနှုန်းမှာလည်း ဘယ်တုန်းကမှ မရှိခဲ့​သော ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းမှုဖြစ်သည်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များနှင့် ငွေလဲကောင်တာများကို ဗဟိုဘဏ်သတ်မှတ်ဈေးထက် ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ဈေးတင်ရောင်းရမည်ဟု ကန့်သတ်ထားသည်။ ထိုကြောင့် ဒေါ်လာဈေးသည် ငွေကောင်တာပေါက်ဈေးထက် ပြင်ပမှောင်ခိုဈေးကွက်တွင် အဆမတန်မြင့်တက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငွေလဲကောင်တာတွေ အခုဆို ဒေါ်လာပြန်မရောင်းတော့ဘူး။ အဝယ်ဘဲလုပ်တယ်တဲ့။ သွားရောင်းရင်လဲ ဗဟိုဘဏ် သတ်မှတ်တဲ့ ဈေးနဲ့ အပြင်ဈေးနဲ့က အရမ်းကွာနေတယ်။ မရောင်းချင်ဘူး”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

ငွေလဲကောင်များတွင် အရောင်းအဝယ်နည်းပါးနေပြီး စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်မရဘဲ လုပ်ငန်းများရပ်ဆိုင်းထားရသည်ဟု ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့် အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၇၁၅,၀၀၀ကျပ်အထိမြင့်တက်လာကြောင်း ပြည်တွင်းရွှေဆိုင်များထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ၇ လကျော်အတွင်း ကျပ် လေးသိန်းခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁ ,၃၂၀,၀၀၀ကျပ်ပေါက်ဈေးရှိခဲ့သည်။

“စစ်ရေးနဲ့ နိုင်ငံရေးမတည်ငြိမ်တာက ဘာစီးပွားရေးလုပ်ငန်းမှ မလုပ်တော့ဘဲ လူတွေက လက်ထဲကို ငွေကိုင်ထားချင်တာ။ မြန်မာငွေကိုင်ထားရင်လဲ တန်ဖိုးကျနေတော့ ဒေါ်လာနဲ့ ရွှေကို လူတွေက ဝယ်ထားတော့ ဈေးက တတ်နေတာ။ ရှေ့ဆက်လည်း တက်မယ့်သဘောပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးမြင့်တက်လာမူကို ထိန်းချုပ်ရန်အတွက် အာဏာသိမ်းခဲ့သည့် ၇ လအတွင်း ဒေါ်လာ သန်း ၁၃၀ကျော်ကို ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။