Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူပေါင်း ၁,၀၄၄ ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ အပြစ်မဲ့ပြစ်သူတစ်ဦး၏ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၄ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၁၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၂ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁ ရက်တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ခင်သာကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ ဝင်များ ရောက်ရှိလာခဲ့ပြီး ဒေသခံရွာသား ဦးသန်းဌေးကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။ ဦးသန်းဌေး၏ ရုပ်အလောင်း၌ ဝမ်းဗိုက်၊ ရင်အုံ နှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်း အင်္ဂပူမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသည့် ဦးရွှေဝင်းကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် ၎င်း၏ အသက် ၁၇၊ ၁၃ နှင့် ၁၁ နှစ်အရွယ် သား သုံးဦးကို အကြမ်းဖက် စစ်အုပ်စုမှ ဩဂုတ် ၃၀ ရက်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ဩဂုတ် ၃၁ ရက်တွင် အသက် ၁၃ နှစ်အရွယ် သားတစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး ကျန် ကလေး နှစ်ဦးကို အင်္ဂပူရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။ ဦးရွှေဝင်းသည် ဆိုက္ကားနင်းခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်းနေသူဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။