Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူပေါင်း ၁,၀၄၄ ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ အပြစ်မဲ့ပြစ်သူတစ်ဦး၏ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၄ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၁၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၂ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁ ရက်တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ခင်သာကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ ဝင်များ ရောက်ရှိလာခဲ့ပြီး ဒေသခံရွာသား ဦးသန်းဌေးကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။ ဦးသန်းဌေး၏ ရုပ်အလောင်း၌ ဝမ်းဗိုက်၊ ရင်အုံ နှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်း အင်္ဂပူမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသည့် ဦးရွှေဝင်းကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် ၎င်း၏ အသက် ၁၇၊ ၁၃ နှင့် ၁၁ နှစ်အရွယ် သား သုံးဦးကို အကြမ်းဖက် စစ်အုပ်စုမှ ဩဂုတ် ၃၀ ရက်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ဩဂုတ် ၃၁ ရက်တွင် အသက် ၁၃ နှစ်အရွယ် သားတစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး ကျန် ကလေး နှစ်ဦးကို အင်္ဂပူရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။ ဦးရွှေဝင်းသည် ဆိုက္ကားနင်းခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ်ကာ အသက်မွေးဝမ်းကျောင်းနေသူဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။