Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၄၆ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦး မကွေးတိုင်း ပေါက်မြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦးတို့ ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ ၁,၀၄၆ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (စက်တင်ဘာလ ၄ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၂၃၀ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၄ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ် ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့ အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချ မှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ (စက်တင်ဘာ ၄) နံနက် ၄ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဖလံချိုင်ကျေးရွာမှ ဦးကံထွန်းကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဦးကံထွန်းသည် ချောင်းဆုံကျေးရွာသို့သွားစဉ် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံ ခဲ့ရခြင်းဖြစ်ကာ ၎င်း၏ရုပ်အလောင်း၌ လက် နှင့် ဝမ်းဗိုက်တို့၌ သေနတ်ဒဏ်ရာ၊ လည်ပင်းကို ဓားဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၅ ရက်တွင် ရွာလုံးကျွတ်မီးရှို့ခြင်းခံခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ကင်းမကျေးရွာကို အကြမ်းဖက်စစ်တပ်မှ ဩဂုတ်လ ၂၇ ရက်နေ့တွင် စတင်ဝင်ရောက်စီးနင်းခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ကင်းမကျေးရွာသား ဦးညွန့်ဝေကို မီးရှို့သတ်ခဲ့ကြောင်းထပ်မံဖော်ပြထားသည်။

မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ် အမှုဆောင် ဒေါ်ပြုံးကြည်နှင့် ကျွန်းစုကျေးရွာတွင်နေထိုင်သည့် နံကပ်ကျွန်းကျေးရွာအုပ်စု NLD အလုပ်အမှုဆောင် မမိုးကြည်တို့ကို အကြမ်းဖက်စစ်အုပ်စုမှ ယမန်နေ့ (စက်တင်ဘာ ၃) တွင် ဖမ်းဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။