Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာတွင် စစ်ကောင်စီတပ် အကြမ်းဖက်ဖမ်းဆီး၍ ပြည်သူ ၅၀၀ ကျော်ထွက်ပြေးနေရ

ရွှေဘိုခရိုင်အတွင်း ရွှေဘိုအပါအဝင်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး အစရှိသည့်နယ်များရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များသည် ဝင်ရောက်အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ကအကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျေးရွာနေပြည်သူ ၅၀၀ကျော် ထွက်ပြေးနေရကြောင်း ရွာသူရွာသားများက ပြောသည်။

ဝါးရုံကန်ကျေးရွာသို့ ယနေ့စက်တင်ဘာလ၅ ရက် နံနက် (၆)နာရီဝန်းကျင်ခန့်မှစတင်ကာ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေပြီး ရွာသား ၆ ဦးထက်မနည်း ဟု ရွာခံများက ပြောသည်။

“ဒလန်က လက်နက်ရှိတယ်ပြောပီးခေါ်တာပါ။ စာရွက်နဲ့ကြည့်ပြီး လိုက်ဖမ်းတာ။ ဖမ်းဆီးခံရသူ (၆)ဦးကိုလက်နောက်ပြန်ကြိုးချည်ပြီးကျေးရွာထိပ်ကစာသင်ကျောင်းမှာဖမ်းဆီးထားတာမြင်ရပါတယ်။ ဖမ်းဆီးခံရသူ (၆)ဦးအနက် (၁)ဦး ကိုပြန်လွှတ်ပေးတယ်လို့ကြားပါတယ်။” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

(စစ်ကောင်စီ၏ ဖိနှိပ်မှုခံနေရသည့် ရွှေဘိုခရိုင်၏ ရွှေဘိုမြို့ပေါ်တွင် ခြိမ်းခြောက်စာသားနှင့်အတူ တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး၊ ဓာတ်ပုံ-CJ)

ရွာထဲအပြင် ရွာပတ်လည်ရှိ တောထဲသို့လည်း ဝင်ရောက်ရှာဖွေနေပြီး တပ်သားအင်အား ငါးဆယ်ခန့်ရှိကြောင်း၊ ဝါးရုံကန်ကျေးရွာသည် အိမ်ခြေ ၁၇၅အိမ်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး အစိမ်းထောက်ခံသူ အနည်းစုမှလွဲ၍ ထွက်ပြေးနေရကြောင်း ရွာခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင်အတွင်း ရွှေဘိုအပါအဝင်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး အစရှိသည့်နယ်များရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များသည် ဝင်ရောက်အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။