Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာတွင် စစ်ကောင်စီတပ် အကြမ်းဖက်ဖမ်းဆီး၍ ပြည်သူ ၅၀၀ ကျော်ထွက်ပြေးနေရ

ရွှေဘိုခရိုင်အတွင်း ရွှေဘိုအပါအဝင်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး အစရှိသည့်နယ်များရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များသည် ဝင်ရောက်အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဝါးရုံကန်ကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ကအကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျေးရွာနေပြည်သူ ၅၀၀ကျော် ထွက်ပြေးနေရကြောင်း ရွာသူရွာသားများက ပြောသည်။

ဝါးရုံကန်ကျေးရွာသို့ ယနေ့စက်တင်ဘာလ၅ ရက် နံနက် (၆)နာရီဝန်းကျင်ခန့်မှစတင်ကာ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေပြီး ရွာသား ၆ ဦးထက်မနည်း ဟု ရွာခံများက ပြောသည်။

“ဒလန်က လက်နက်ရှိတယ်ပြောပီးခေါ်တာပါ။ စာရွက်နဲ့ကြည့်ပြီး လိုက်ဖမ်းတာ။ ဖမ်းဆီးခံရသူ (၆)ဦးကိုလက်နောက်ပြန်ကြိုးချည်ပြီးကျေးရွာထိပ်ကစာသင်ကျောင်းမှာဖမ်းဆီးထားတာမြင်ရပါတယ်။ ဖမ်းဆီးခံရသူ (၆)ဦးအနက် (၁)ဦး ကိုပြန်လွှတ်ပေးတယ်လို့ကြားပါတယ်။” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

(စစ်ကောင်စီ၏ ဖိနှိပ်မှုခံနေရသည့် ရွှေဘိုခရိုင်၏ ရွှေဘိုမြို့ပေါ်တွင် ခြိမ်းခြောက်စာသားနှင့်အတူ တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး၊ ဓာတ်ပုံ-CJ)

ရွာထဲအပြင် ရွာပတ်လည်ရှိ တောထဲသို့လည်း ဝင်ရောက်ရှာဖွေနေပြီး တပ်သားအင်အား ငါးဆယ်ခန့်ရှိကြောင်း၊ ဝါးရုံကန်ကျေးရွာသည် အိမ်ခြေ ၁၇၅အိမ်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး အစိမ်းထောက်ခံသူ အနည်းစုမှလွဲ၍ ထွက်ပြေးနေရကြောင်း ရွာခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင်အတွင်း ရွှေဘိုအပါအဝင်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး အစရှိသည့်နယ်များရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များသည် ဝင်ရောက်အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook