အကြမ်းဖက်စစ်ကောင်စီမှ ဆက်သွယ်ရေးအော်ပရေတာများ ဖြတ်တောက်ထားသော်လည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရာနှင့်ချီသော ပြည်သူများသည် ယနေ့ (စက်တင်ဘာ ၅ရက်) ညနေပိုင်းတွင် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ထားဝယ်ခရိုင်အတွင်းရှိ ဒေသအသီးသီးတွင် ယနေ့နေ့လယ် ၂နာရီခွဲမှညနေ ၄နာရီခန့်အထိ ဆယ်သွယ်ရေးအော်ပရေတာများ ဖြတ်တောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအဖွဲ့က ဆန္ဒပြသူများအား ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း လောင်းလုံးမြို့နယ်ပြည်သူများသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဥ်မပျက်ချီတက်ဆန္ဒပြလျက်ရှိသည်။




















































