Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၄၉ဦးရှိလာ

စက်တင်ဘာ ၄ ရက်ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာမှ ကိုခိုင်ဇော်သည် အကြမ်းဖက်စစ်တပ်နှင့်လမ်းတွင် ထိပ်တိုက်တိုးရာမှ ပစ်သတ်ခြင်းခံခဲ့ရသည်။ ကိုခိုင်ဇော်သည် ဆီးခုံတွင် ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှင့် ရွှေဘိုမြို့နယ်၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူသုံးဦး ထပ်မံ ကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၉ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ စက်တင်ဘာ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၂၅၇ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၅ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

စက်တင်ဘာ ၄ ရက်ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာမှ ကိုခိုင်ဇော်သည် အကြမ်းဖက်စစ်တပ်နှင့်လမ်းတွင် ထိပ်တိုက်တိုးရာမှ ပစ်သတ်ခြင်းခံခဲ့ရသည်။ ကိုခိုင်ဇော်သည် ဆီးခုံတွင် ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

PDFနှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာမှ ကိုနိုင်မျိုးသည် ဖမ်းဆီးခြင်းခံရ ပြီး နာရီပိုင်းအကြာ၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုနိုင်မျိုး၏ ရုပ်အလောင်း၌ ပေါင်၊ တင်ပါး နှင့် ကျောတို့တွင် ရိုက်နှက်ခြင်းခံထားရသည့် ညိုမည်းဒဏ်ရာများကို တွေ့ရှိရကြောင်း ပါရှိသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျေးစုကျေးရွာမှ ကိုသန်းတိုးအောင် (ခ) ဘီလူးသည် PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခြင်းခံရကာ စစ်တပ်မှ စက်တင်ဘာလ ၁ ရက်နေ့တွင် လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းခံခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ စက်တင်ဘာ ၄ ရက်တွင် ကိုသန်းတိုးအောင်၏ရုပ်အလောင်းကို သေနတ်ဒဏ်ရာဖြင့် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။