Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၄၉ဦးရှိလာ

စက်တင်ဘာ ၄ ရက်ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာမှ ကိုခိုင်ဇော်သည် အကြမ်းဖက်စစ်တပ်နှင့်လမ်းတွင် ထိပ်တိုက်တိုးရာမှ ပစ်သတ်ခြင်းခံခဲ့ရသည်။ ကိုခိုင်ဇော်သည် ဆီးခုံတွင် ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှင့် ရွှေဘိုမြို့နယ်၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူသုံးဦး ထပ်မံ ကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၉ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ စက်တင်ဘာ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၂၅၇ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၅ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

စက်တင်ဘာ ၄ ရက်ညအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာမှ ကိုခိုင်ဇော်သည် အကြမ်းဖက်စစ်တပ်နှင့်လမ်းတွင် ထိပ်တိုက်တိုးရာမှ ပစ်သတ်ခြင်းခံခဲ့ရသည်။ ကိုခိုင်ဇော်သည် ဆီးခုံတွင် ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

PDFနှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာမှ ကိုနိုင်မျိုးသည် ဖမ်းဆီးခြင်းခံရ ပြီး နာရီပိုင်းအကြာ၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုနိုင်မျိုး၏ ရုပ်အလောင်း၌ ပေါင်၊ တင်ပါး နှင့် ကျောတို့တွင် ရိုက်နှက်ခြင်းခံထားရသည့် ညိုမည်းဒဏ်ရာများကို တွေ့ရှိရကြောင်း ပါရှိသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျေးစုကျေးရွာမှ ကိုသန်းတိုးအောင် (ခ) ဘီလူးသည် PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခြင်းခံရကာ စစ်တပ်မှ စက်တင်ဘာလ ၁ ရက်နေ့တွင် လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းခံခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ စက်တင်ဘာ ၄ ရက်တွင် ကိုသန်းတိုးအောင်၏ရုပ်အလောင်းကို သေနတ်ဒဏ်ရာဖြင့် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။