Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးဓာတ်ပုံတွေနဲ့ ထိပ်တန်းဓာတ်ပုံသတင်းဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ဗြိတိန်သံရုံးဂုဏ်ပြု

ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးက ဆွတ်ခူးရရှိခဲ့တာပါ။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်းမှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ထိပ်တန်း ဓာတ်ပုံသတင်းဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ဂုဏ်ပြုတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးက ဆွတ်ခူးရရှိခဲ့တာပါ။

“မြန်မာသတင်းထောက်နဲ့ ဓာတ်ပုံ ဆရာတွေရဲ့ ရဲရင့် မှုတို့ ကို အသိအမှတ်ပြုချီးကျူးလိုပါတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူများအားပြန်လွှတ်ပေးရန်တောင်းဆိုပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်မှုကို ဆန့်ကျင်ရာမှာ ယူကေအစိုးရက ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ရရှိရေးကို ထောက်ပံ့သွားမှာဖြစ်ပါတယ်”လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP Burma )ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှာစတင်ပြီး ဒီနေ့ စက်တင်ဘာ ၆ ရက်အထိ ဓာတ်ပုံသတင်းထောက် ၃ ဦးအပါအဝင် မီဒီယာ အလုပ်ကို လုပ်ကိုင်သူ ၅၀ ခန့်ဟာ မတရားဖမ်းဆီးထားခြင်းခံနေရဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

သတင်း

ဇူလိုင် ၂၃ရက်သည် အာဏာသိမ်းစစ်တပ်၏ ပထမဆုံး မတရားကြိုးပေးသတ်ဖြတ်မှုခံခဲ့ရသည့် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရ‌ဇော် ၊ ကိုလှမျိုးအောင်တို့၏ နှစ်ပတ်လည်ဖြစ်သည်။