Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးဓာတ်ပုံတွေနဲ့ ထိပ်တန်းဓာတ်ပုံသတင်းဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ဗြိတိန်သံရုံးဂုဏ်ပြု

ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးက ဆွတ်ခူးရရှိခဲ့တာပါ။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်းမှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ထိပ်တန်း ဓာတ်ပုံသတင်းဆုရရှိခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ဂုဏ်ပြုတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးက ဆွတ်ခူးရရှိခဲ့တာပါ။

“မြန်မာသတင်းထောက်နဲ့ ဓာတ်ပုံ ဆရာတွေရဲ့ ရဲရင့် မှုတို့ ကို အသိအမှတ်ပြုချီးကျူးလိုပါတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူများအားပြန်လွှတ်ပေးရန်တောင်းဆိုပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်မှုကို ဆန့်ကျင်ရာမှာ ယူကေအစိုးရက ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ရရှိရေးကို ထောက်ပံ့သွားမှာဖြစ်ပါတယ်”လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP Burma )ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှာစတင်ပြီး ဒီနေ့ စက်တင်ဘာ ၆ ရက်အထိ ဓာတ်ပုံသတင်းထောက် ၃ ဦးအပါအဝင် မီဒီယာ အလုပ်ကို လုပ်ကိုင်သူ ၅၀ ခန့်ဟာ မတရားဖမ်းဆီးထားခြင်းခံနေရဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...