Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် ယနေ့ စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည့် ယာယီသမ္မတဒူဝါလရှီးလ၏ အရေးပေါ် မိန့်ခွန်းအပြည့်အစုံ

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နှင့် ၎င်းတို့၏ ဒေါက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။

ဒီနေ့ (စက်တင်ဘာ ၇ရက်( တော်သလင်းလဆန်း ၂ရက်နေ့မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်သည်။

ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပြည်သားအားလုံး မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နှင့် ၎င်းတို့၏ ဒေါက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။

စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ အားလုံး အလုပ်မှချက်ချင်းစွန့်ခွာကြပါ။

PDFများအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထား ကာကွယ်စောင့်ရှောက်ပါ။အထက်မှ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာကြပါ။

ပြည်သူ့လုံခြုံရေးတပ်များအနေဖြင့်လည်း မိမိတို့ ဒေသ ရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက်အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။

ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။

လိုအပ်မယ့်ရိက္ခာဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များကိုလည်း တက်နိုင်သမျှ ကူညီစောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု သတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီပေးပို့ကြပါ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်း တိုက်ခိုက်သွားကြပါ။ မိမိတို့၏နယ်မြေများကို အပြည့်အ၀ ထိန်းချုပ်ထားကြပါ။

စစ်အာဏာရှင်အုပ်စိုးမှုနှင့် အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့အားဖြင့် တွန်းလှန်တိုက်ဖျက် ဖျက်သိမ်းကြပါ။ တစ်ဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးသို့ ပြောင်းလဲနိုင်ရန်အတွက် ပြည်သူလူထုနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက် စီမံကြပါ။

အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖြားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)များနှင့် ပြည်သူ့စစ်အားလုံး ယနေ့မှစ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင် တိုက်ခိုက်ကြပါ။

ယခု တော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံ တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တော်လှန်ရေးဖြစ်သည်။

မိမိတို့ နိုင်ငံတော်၏ ပကတိအခြေအနေ လိုအပ်ချက်အလျောက် လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးချင်း နိုင်ငံများ အာရှနိုင်ငံများ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည်ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။

ပြည်သူ့တော်လှန်ရေးစတင်ပြီဖြစ်၍ မင်းအောင်လှိုင် ၏လိမ်လည်လှည့်ဖြားမှု ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ပြည်သူ့ရဲများ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် ချက်ချင်း ဆက်သွယ်ပူးပေါင်းပါ။ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနများသို့ အမြန်ဆုံး သတင်းပို့ကြပါ။

ယနေ့မှစ၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံး ရုံးတက်ခြင်း မပြုကြရန် သတိပေးတားမြစ်လိုက်သည်။

ယခု အရေးတော်ပုံတွင် အသက်အိုးအိမ် စွန့်လွှတ်အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည်ဖြစ်ပါသည်။

ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြ နှင့် နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း လုပ်ဆောင်ကြရမည် ။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု ၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြတ်မှု၊ စိတ်ဓာတ်ပြင်းထန် ကြံ့ခိုင်မှုအပေါ် မူတည်၍ တော်လှန်ရေးကာလ တိုတောင်းမည်ဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင် ဖြုတ်ကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့တဲ့ တန်းတူအခွင့်အရေးကို အပြည့်အ၀ အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ထူထောင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အလည်တွင် တစ်ဖန် ဂုဏ်သိက္ခာ ထွန်းတောက်လာမည်ဖြစ်ပါသည်။

အရေးတော်ပုံ မုချအောင်မြင်ရမည်။ အောင်မြင်ရမည်။

You May Also Like

သတင်း

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

သတင်း

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။