Connect with us

Hi, what are you looking for?

News

ဟာခါး – ထန်တလန်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းသေဆုံး

အကြမ်းဖက်စစ်ကောင်စီ တပ်အင်အား ၈၀ ဝန်းကျင်နှင့် CDF-Thantlang တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDF ဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဖော်ပြခဲ့သည်။

People's Spring
People's Spring

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား တစ်နေရာတွင် စက်တင်ဘာ ၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိနိုင်သည်ဟု ယူဆကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်အင်အား ၈၀ ဝန်းကျင်နှင့် CDF-Thantlang တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDF ဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဖော်ပြခဲ့သည်။

ထန်တလန် CDFနှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၂၀ရက်မှစ၍ ဟားခါး- ထန်တလန် လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲများတွင် ထန်တလန် CDF တပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။