Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို သတင်းပေးခြင်း၊ ပူးပေါင်းခြင်းမလုပ်ဖို့ ရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ကို ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီလို့ ကြေညာအပြီးမှာ Yangon Urban Guerrillas က ပြည်သူထံသို့ အရေးပေါ်ကာလဆိုင်ရာ ပန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

ဖက်ဆစ်စစ်ကောင်စီကို သတင်းပေးခြင်း၊ ပူးပေါင်းခြင်းတို့ကို ရှောင်ကြဉ်ဖို့ ရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့ (YUG)က သတိပေးထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ကို ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီလို့ ကြေညာအပြီးမှာ Yangon Urban Guerrillas က ပြည်သူထံသို့ အရေးပေါ်ကာလဆိုင်ရာ ပန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

ပြည်သူလူထုအနေနဲ့ သတင်းအချက်အလက်တိုင်းကို သေချာစိစစ်ပြီးမှသာ ယုံကြည်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့နေရာတွေ၊ အင်အားတွေကို ဖော်ထုတ်တင်ပြခြင်းမပြုကြဖို့ နဲ့ စိုးရိမ်ထိတ်လန့်စွာစျေးဝယ်စုဆောင်းခြင်းတွေကို အတတ်နိုင်ဆုံးမပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မိမိတို့နေရပ်မှာ တိုက်ပွဲကြီးငယ်ဖြစ်လာလို့ နေရပ်ကို စွန့်ခွာရတော့မယ်ဆိုရင် လူနာတွေ၊ အိုမင်းမစွမ်းသူတွေ၊ မိခင်နဲ့ ကိုယ်ဝန်သည်တွေ၊ ကလေးသူငယ်တွေ၊ ထိခိုက်ဒဏ်ရာရနေသူတွေ၊ ဆေး ဝန်ထမ်းတွေနဲ့ သာသနာ့ဝန်ထမ်းတွေကို အစဉ်လိုက် ကယ်ထုတ်ပေးဖို့ ထပ်လောင်း ပန်ကြား ထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

တိုက်ပွဲဝင်ကြမယ့် တော်လှန်ရေးအင်အားစုတွေကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ စစ်သည်တော် ကျင့်ဝတ်တို့ကို ဦးလည်မသုန် လိုက်နာကျင့်သုံးကြဖို့ လည်း YUG က တိုက်တွန်းထားပါတယ်။

YUG ဟာ ဖက်ဆစ်စစ်ကောင်စီကျရှုံးရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်လာတဲ့အလျောက် အခု တန်ပြန်ထိုးစစ်ကာလမှာလည်း ဆထက်တိုးပြီး အသက်စွန့်ကာ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုကလည်း မိမိတို့အင်အားစုတွေနဲ့အတူ တတ်စွမ်းတဲ့နယ်ပယ်ကဏ္ဍတွေကနေ ပါဝင်ပူးပေါင်းပေးကြဖို့ YUG က မေတ္တာရပ်ခံပါတယ်။

YUG ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲကာ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook