Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၅၄ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တို့မှ အပြစ်မဲ့ပြည်သူသုံးဦး ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၅၄ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ညတွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (စက်တင်ဘာ၈ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၃၂၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အရှေ့စည်းကျေးရွာမှ ဦးဝင်းအောင် နှင့် ကိုရှိုင်းဝဏ္ဏအောင်တို့ကို လမ်းပြအဖြစ် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ယမန်နေ့ (စက်တင်ဘာ ၇) တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဒိုးနွယ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ပြန်လည် ထွက်ခွာသွား သည်ဟု ကြားသိရသည့်အတွက် စက်တင်ဘာလ ၈ ရက်နေ့တွင် ဒေသခံများမှ သွားရောက် ကြည့်ရှုရာမှ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရခြင်းဖြစ်သည်။ ရုပ်အလောင်းများ၌ ရိုက်နှက်ခြင်း ခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (စက်တင်ဘာ ၇) ညအချိန်က ကယားပြည်နယ် ဒီးမော့ဆိုမြို့ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပတ်ခတ် သောကြောင့် ဒေသခံများသည် ကြောက်လန့်၍ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရာမှ ကားနှင့်ဆိုင်ကယ် ချိတ်မိခဲ့ပြီး ဒေါ်ငံခါး(၂)ရပ်ကွက်မှ အသက် ၈ နှစ်အရွယ် မဂျာဇင်းတာသည် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒေသခံ တစ်ဦးသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။