Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၅၄ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တို့မှ အပြစ်မဲ့ပြည်သူသုံးဦး ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၅၄ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ညတွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (စက်တင်ဘာ၈ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၃၂၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အရှေ့စည်းကျေးရွာမှ ဦးဝင်းအောင် နှင့် ကိုရှိုင်းဝဏ္ဏအောင်တို့ကို လမ်းပြအဖြစ် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ယမန်နေ့ (စက်တင်ဘာ ၇) တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဒိုးနွယ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ပြန်လည် ထွက်ခွာသွား သည်ဟု ကြားသိရသည့်အတွက် စက်တင်ဘာလ ၈ ရက်နေ့တွင် ဒေသခံများမှ သွားရောက် ကြည့်ရှုရာမှ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရခြင်းဖြစ်သည်။ ရုပ်အလောင်းများ၌ ရိုက်နှက်ခြင်း ခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (စက်တင်ဘာ ၇) ညအချိန်က ကယားပြည်နယ် ဒီးမော့ဆိုမြို့ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပတ်ခတ် သောကြောင့် ဒေသခံများသည် ကြောက်လန့်၍ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရာမှ ကားနှင့်ဆိုင်ကယ် ချိတ်မိခဲ့ပြီး ဒေါ်ငံခါး(၂)ရပ်ကွက်မှ အသက် ၈ နှစ်အရွယ် မဂျာဇင်းတာသည် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒေသခံ တစ်ဦးသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။