Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၅၈ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ်နှင့် မန္တလေးတိုင်း တောင်သာမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူလေးဦးထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၅၈ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (စက်တင်ဘာ၉ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၃၄၃ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၇၂ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့ အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချ မှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဖြစ်သည်။

မကွေးတိုင်း ပေါက်မြို့နယ်၊ ဒိန်းကွင်းကျေးရွာမှ ဒေသခံတောင်သူ သုံးဦးဖြစ်ကြသည့် ဦးညိုသန်း၊ ဦးစိုးနိုင်ဝင်း နှင့် ဦးမင်းမင်းတို့ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ဩဂုတ် ၂၇ ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီးနောက် မိုင်းပေါ်တက်နင်းခိုင်းပြီး သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှ ဩဂုတ် ၃၀ ရက်ကတည်းက ဖမ်းဆီးသွားခဲ့သော မန္တလေးတိုင်း တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦးဖြစ်သည့် ဦးမိုးကို ယမန်နေ့ (စက်တင်ဘာ ၈) ညအချိန်က စစ်တပ်မှ ရွာသို့ ပြန်လည် ခေါ်ဆောင်လာကာ ဘုရားလှကျေးရွာထိပ်တွင် ဦးခေါင်း နှင့် ရင်ဘတ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသူကို အကြမ်းဖက်စစ်အုပ်စုမှ လူနာတင်ယာဉ်ကို အသုံးပြုကာ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။