Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူပေါင်း ၁,၀၅၈ဦးအထိရှိလာ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ်နှင့် မန္တလေးတိုင်း တောင်သာမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူလေးဦးထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၅၈ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (စက်တင်ဘာ၉ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၃၄၃ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၇၂ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့ အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချ မှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဖြစ်သည်။

မကွေးတိုင်း ပေါက်မြို့နယ်၊ ဒိန်းကွင်းကျေးရွာမှ ဒေသခံတောင်သူ သုံးဦးဖြစ်ကြသည့် ဦးညိုသန်း၊ ဦးစိုးနိုင်ဝင်း နှင့် ဦးမင်းမင်းတို့ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ဩဂုတ် ၂၇ ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီးနောက် မိုင်းပေါ်တက်နင်းခိုင်းပြီး သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှ ဩဂုတ် ၃၀ ရက်ကတည်းက ဖမ်းဆီးသွားခဲ့သော မန္တလေးတိုင်း တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦးဖြစ်သည့် ဦးမိုးကို ယမန်နေ့ (စက်တင်ဘာ ၈) ညအချိန်က စစ်တပ်မှ ရွာသို့ ပြန်လည် ခေါ်ဆောင်လာကာ ဘုရားလှကျေးရွာထိပ်တွင် ဦးခေါင်း နှင့် ရင်ဘတ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသူကို အကြမ်းဖက်စစ်အုပ်စုမှ လူနာတင်ယာဉ်ကို အသုံးပြုကာ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)