Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူပေါင်း ၁,၀၆၂ဦးအထိရှိလာ

အတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများ နိုင်ကြောင်း အေအေပီပီက ဆိုသည်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နှင့် မုံရွာမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူလေးဦး ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၆၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများ နိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၃၆၄ ဦးရှိပြီး ၎င်းတို့အနက်မှ၂၇၂ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်သည်။

Public Service Announcement

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် စက်တင်ဘာ ၈ ရက် ညအချိန်က စစ်သားများမှ ဖမ်းဆီးခေါ် ဆောင်သွား ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကိုသက်ကိုကိုအောင်သည် စက်တင်ဘာ၉ ရက် နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ ကြောင်း သိရှိရသည်။ ကိုသက်ကိုကိုအောင်ကို ရပ်ကွက်ရုံး၌ ထိန်းသိမ်းထားကာ တစ်ညလုံး ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် ကျဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း၌ သမံသာကျေးရွာမှ ညီအစ်ကို နှစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုယဉ်မိုးလွင် (ခေါ်) ဘဒင် နှင့် အသက် ၁၇ နှစ်အရွယ် မောင်သက်ပိုင်စိုးတို့ကို စစ်သားများမှ ဖမ်းဆီးနှိပ်စက်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ မုံရွေးကျေးရွာကို အကြမ်းဖက်စစ်တပ်မှ စက်တင်ဘာလ ၈ ရက်နေ့ ညအချိန်က ဝင်ရောက်စီးနင်း၍ ပစ်ခတ်ခဲ့သောကြောင့် မုံရွေးကျေးရွာသား ဦးမြင့်ဌေးသည် ဆီးခုံကို ကျည်ထိမှန်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း ပါရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။