Connect with us

Hi, what are you looking for?

News

မရမ်းကုန်းတွင် ယမန်နေ့ညက အနည်းဆုံးပြည်သူခြောက်ဦးဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများတွင် မရမ်းကုန်း (၂)ရပ်ကွက် ဇေယျာသုခလမ်းမှ သုံးဦး ဘောဂသိဒ္ဓိလမ်းမှ နှစ်ဦးနှင့် သမိုင်းမုဒိတာအိမ်ယာမှ တစ်ဦး အသီးသီးပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။

(ကမာရွတ်မြို့နယ်တွင် ယမန်နေ့ညက စစ်ကောင်စီကရှာဖွေဖမ်းဆီးရေးလုပ်နေစဥ်)

မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့ညက အနည်းဆုံးပြည်သူခြောက်ဦးအား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများတွင် မရမ်းကုန်း (၂)ရပ်ကွက် ဇေယျာသုခလမ်းမှ သုံးဦး ဘောဂသိဒ္ဓိလမ်းမှ နှစ်ဦးနှင့် သမိုင်းမုဒိတာအိမ်ယာမှ တစ်ဦး အသီးသီးပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်များအနက် ဘောဂသိဒ္ဓိလမ်း အိမ်နံပါတ်(၁)ရှိ ပြည်သူနှစ်ဦးအဖမ်းခံရပြီး ဖုန်း ကွန်ပြူတာနှင့် ငွေကြေးအချို့သိမ်းဆည်းသွားသည့်အပြင် ယနေ့နံနက် ၈ နာရီကျော်က နေအိမ်ကိုလာရောက်ချိတ်ပိတ်သွားသည်ဟု Mayangone Information က ဖော်ပြသော်လည်း People’s Springက သီးခြားအတည်ပြုချက် မရရှိသေးပေ။

မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက သတင်းပေးဒလန် ရာအိမ်မှူးစိန်သောင်းဆိုသူ သေနတ်ဖြင့် ပစ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်များအတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကမာရွတ်မြို့နယ်တွင်လည်း ဖမ်းဆီးမှုများပြုလုပ်၍ အနည်းဆုံးပြည်သူတစ်ဦးဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။