Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ NUG ကို ကုလသမဂ္ဂအသိအမှတ်ပြုလက်ခံဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆို

ကုလသမဂ္ဂမှ ထွက်ပေါ်လာတဲ့ရလဒ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်မဟုတ်ဘဲ မြန်မာပြည်သူလူထုကသာ အဓိကအရေးပါအခရာဖြစ်ကြောင်း ဒေါက်တာထွန်းအောင်ရွှေက ဆိုပါတယ်။

ကုလသမဂ္ဂက မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုဖို့ ပြည်ပရောက်မြန်မာတွေက အွန်လိုင်းကနေ ဒီနေ့စုဝေး တောင်းဆိုခဲ့ကြပါတယ်။

‘ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာတိုက်ပွဲ အတွက် အွန်လိုင်းသပိတ်’ကို ကမ္ဘာ့နေရာအနှံ့အပြားက မြန်မာတွေသာမက မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတကာက လွှတ်တော်အမတ်တွေ၊ တတ်ကြွလှုပ်ရှားတွေလည်း တက်ရောက်ပြီး စစ်အာဏာရှင်စနစ်ကို လက် မခံဘဲ ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်အများစုနဲ့ စုဖွဲ့ထားတဲ့ NUG ကို အသိအ မှတ်ပြုလက်ခံကြဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ကြတာပါ။

မကြာခင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ NUG ကို အသိအမှတ်ပြုရေး၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးဟာ မြန်မာပြည်သူတွေအတွက် အရေးကြီး ပေးမယ့် ကုလသမဂ္ဂအတွက် ပိုမိုအရေးကြီးပြီး ကုလသမဂ္ဂရဲ့တန်ဖိုးကိုပြသရမယ်လို့ NUG ရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

ကုလသမဂ္ဂမှ ထွက်ပေါ်လာတဲ့ရလဒ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်မဟုတ်ဘဲ မြန်မာပြည်သူလူထုကသာ အဓိကအရေးပါအခရာဖြစ်ကြောင်း ဒေါက်တာထွန်းအောင်ရွှေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သံတမန်ရေးရာ အွန်လိုင်းသပိတ်မှာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လျစ်လျူရှုပျက်ကွက်မှု တွေအတွက် ဦးစွာတောင်းပန်ခဲ့ပြီး နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ ကဗျာတွေကို သီဆိုပြသခဲ့ကြပါတယ်။

နောက်ပြီး အွန်လိုင်းကနေ တစ်မိနစ်ခန့် သံပုံးတီးခဲ့ကြပြီး ‘မင်းအောင်လှိုင်နဲ့ နောက်လိုက်များ နောက်ဆုံးနေ့အတွက် ပြင်ဆင်ထား’၊ ‘နွေဦးတိုက်ပွဲ ဒို့တိုက်ပွဲ အောင်ကိုအောင်ရမည်’၊ ‘အရေးတော်ပုံ အောင်ရမည်’ စတဲ့ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။

မြန်မာပြည်သူတွေဟာ အရေးတော်ပုံမအောင်မချင်း လက်လျှော့မှာမဟုတ်ဘဲ ဆက်လက်ချီတက်နေမှာဖြစ်ပြီး လူကြီး၊လူငယ်အားလုံး အရေးတော်ပုံမှာ ပါဝင်ဆင်နွှဲကြဖို့လည်း လူငယ်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။