Connect with us

Hi, what are you looking for?

News

၉မိုင် Oceanစူပါမားကတ်အနီး ဗုံးပေါက်ကွဲ

လက်ရှိတွင် Ocean စူပါမားကတ်အနီး ပြည်လမ်းနှင့် မင်းဓမ္မလမ်းဘက် သွားသည့် လမ်းတို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ၉ မိုင် Oceanစူပါမားကတ်အနီးတွင် ယနေ့(စက်တင်ဘာ ၁၅ရက်) နံနက် ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

” ဘလူးတု စပီကာနဲ့ ချိတ်ဆက်ထားတဲ့ ဗုံးပေါက်ကွဲမှု ဖြစ်တာပါ။ Ocean ရှေ့ တစ်ဖက်ကားလမ်းမှာ ပေါက်တာပါ။ အုန်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရပြီး မီးခိုးတွေ ထွက်လာတာ တွေ့လိုက်တယ်။ လူတွေ ထိခိုက်မှု ရှိတာတော့ မတွေ့ရပါဘူး။ မပေါက်သေးတဲ့ ဗုံးတစ် လုံးကျန်သေးတာလည်း လှမ်းတွေ့လိုက်ပါသေးတယ်။ လူအများသွားလာတဲ့ နေရာတွေ လုပ်တာဆိုတော့ ပျူစောထီးတွေပဲ လုပ်တာဖြစ်နိုင်ပါတယ်”ဟု မရမ်းကုန်းမြို့နယ်နေ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြော သည်။

လက်ရှိတွင် Ocean စူပါမားကတ်အနီး ပြည်လမ်းနှင့် မင်းဓမ္မလမ်းဘက် သွားသည့် လမ်းတို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

သတင်း

ပေါက်ကွဲမှု မဖြစ်ပွားမီတွင် စစ်ကောင်စီတပ်က ပန်းခြံအတွင်းရောက်နေသူများကို အပြင်ဘက်ထွက်ခိုင်းကာ လူရှင်းထားစဥ် ပေါက်ကွဲခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်း

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။