Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သခင်မြပန်းခြံတွင် ဗုံးနှစ်လုံးဆင့်ပေါက်

ပေါက်ကွဲမှု မဖြစ်ပွားမီတွင် စစ်ကောင်စီတပ်က ပန်းခြံအတွင်းရောက်နေသူများကို အပြင်ဘက်ထွက်ခိုင်းကာ လူရှင်းထားစဥ် ပေါက်ကွဲခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့ရှိ သခင်မြပန်းခြံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ရန်ကုန်မြို့ရှိ သခင်မြပန်းခြံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ သခင်မြပန်းခြံတွင် ယနေ့နံနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့​ကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

ယနေ့(မေ ၂၅)နံနက် ၁၁ နာရီခွဲခန့်က အလုံမြို့နယ်အောက်ကြည့်မြင်တိုင်လမ်းရှိ သခင်မြပန်းခြံသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာချိန် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သခင်မြပန်းခြံမှာ ဗုံးနှစ်လုံးဘေးတင်ပေါက်တာ။ မသေတာကံကောင်း”ဟု ပေါက်ကွဲမှုအား ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှု မဖြစ်ပွားမီတွင် စစ်ကောင်စီတပ်က ပန်းခြံအတွင်းရောက်နေသူများကို အပြင်ဘက်ထွက်ခိုင်းကာ လူရှင်းထားစဥ် ပေါက်ကွဲခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မျက်မြင်တွေ့ရှိသော ပြည်သူအချို့၏ပြောဆိုမှုအရ စစ်ကောင်စီတပ်များက ပန်းခြံအနီးဗုံးတွေ့သည်ဆိုကာ လာရောက်ရှာဖွေခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲခြင်းဖြစ်ကြောင်းပြောဆိုကြပြီး ယင်းဖြစ် ရပ်အပေါ် People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ယနေ့နံနက်ပိုင်းက ဒေါပုံမြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဗုံးတွေ့သည်ဆိုကာ စစ်ကောင်စီတပ်များမှ လာရောက်ဖောက်ခွဲခဲ့ပြီး စစ်ကောင်စီတရားရုံးထုတ်ခြင်းလုပ်ငန်းများကို ရပ်နားခဲ့ကြောင်း စုံစမ်းသိရသည်။