Connect with us

Hi, what are you looking for?

News

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ခြွင်းချက်မရှိ လက်ခံပြီး ဒီမိုကရေစီချက်ချင်းပြန်ပေးဖို့ EU ထပ်မံတိုက်တွန်း

အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စံချိန်ဟာ နှစ်ပေါင်းများစွာ နောက်ကြောင်းပြန် ဆုတ် ယုတ်ခဲ့ရတယ်လို့ EU က ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များကို ရေတွက်နေစဥ်)

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ခြွင်းချက်မရှိ အသိ အမှတ်ပြုလက်ခံပြီး ဒီမိုကရေစီကို ချက်ချင်း ပြန်လည် ပေးအပ်ရန် ဥရောပသမဂ္ဂ(EU)က ဒီနေ့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ EU ဟာ ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ကာကွယ်မြှင့်တင်ပေးမယ်လို့ ပြတ်သားစွာ သန္နိဋ္ဌာန်ချထားကြောင်း ထပ်လောင်းအတည်ပြုတယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စံချိန်ဟာ နှစ်ပေါင်းများစွာ နောက်ကြောင်းပြန် ဆုတ် ယုတ်ခဲ့ရတယ်လို့ EU က ထုတ်ပြန်ပါတယ်။

EU ဟာ လွတ်လပ်မှုစံတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးအပေါ် အလေးထားမှုတို့ကို ကာကွယ်စောင့်ရှောက်ပြီး အဲဒီရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းမှန်သမျှကို ချိန်ရွယ်အသုံးပြုဖို့ ကြိုးပမ်းနေသူများနဲ့အတူ ခိုင်မာစွာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီဟာ စိတ်ကူးယဉ်အတွေးသက်သက်မဟုတ်ဘဲ နေရာဒေသမရွေးရှိ လူသားတိုင်း ရရှိခံစားနိုင်တဲ့ လက်တွေ့ဘဝတစ်ရပ်ဖြစ်လာဖို့ လိုအပ်တယ်လို့ EU က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

Facebook