Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၄ဦးထက်မနည်းသေ

တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့တွင်းသို့ပြန်လာပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့်မြို့တွင်းသို့ရမ်းသမ်းပစ်ခတ်ခဲ့၍ မြို့တွင်းရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကန်ပက်လက်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CDFက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်က ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ယနေ့ (စက်တင်ဘာ ၁၅ရက်) တွင် ကန်ပက်လက်မြို့ အရှေ့ဘက် ၆မိုင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့သည်ဟု ဆိုသည်။ ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ​လေးဦးသေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့ဟု ထုတ်ပြန်သည်။ နှစ်ရက်တာ တိုက်ပွဲအတွင်း CDF ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟုလည်း ဖော်ပြထားသည်။

တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့တွင်းသို့ပြန်လာပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့်မြို့တွင်းသို့ရမ်းသမ်းပစ်ခတ်ခဲ့၍ မြို့တွင်းရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ မြို့တွင်းရှိမိဘပြည်သူများအနေဖြင့်ပြင်ဆင်စရာများ ကြိုတင်ပြင်ဆင်ကြ ရန် ကန်ပက်လက် CDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။