Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ရွေ့ပြောင်းမည်ဟု ခြိမ်းခြောက်ခံရသော ရွာ ၁၅ရွာရှိလာ

ထို့အပြင် မကျီးကန်၊ နောင်ကြီးအိုင်၊ မင်းရွာတို့ကိုလည်းအမြဲတမ်းပုန်ကန်ဆန့်ကျင်ဆန္ဒပြပြီး အကြမ်းဖက်အဖွဲ့များ စုဖွဲ့ထားသည်ဟု စွပ်စွဲကာ အဆိုပါရွာများကိုလည်း ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ရေးသားကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသောကျေးရွာများနှင့် PDFရှိသည်ဆိုသော ကျေးရွာများအား ရွာရွှေ့ပြောင်းမည်ဟု စစ်ကောင်စီက ထပ်မံခြိမ်းခြောက်ခဲ့ပြီး၊ ခြိမ်းခြောက်ခံရသည့် ကျေးရွာ ၁၅ ရွာရှိလာကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်က စစ်ကောင်စီကိုဆန့်ကျင်သူများအတွက် ရည်ရွယ်ရေးသားထားသောခြိမ်းခြောက် စာရွက်များအား အရာတော်မြို့နယ်အတွင်း ဖြန့်ဝေခဲ့သည်။ အဆိုပါစာတွင် အရာတော်မြို့နယ်ရှိ ကြွေပုဂံနှစ်ရွာအား PDF များ များပြားပြီး လူသတ်၍ လုံခြုံရေးတပ်ဖွဲ့များအား မိုင်းထောင်တိုက်ခိုက်သည်ဟုစွပ်စွဲကာ ရွာကိုဖျက်၍ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊ မလဲသာ၊ ကန်ရင်းရွာများကိုလည်း ဗုံးမိုင်းနှင့် သေနတ်များ ပြုလုပ်ဖြန့်ဖြူးရောင်းချနေပြီး PDF စခန်းနှင့် PDF များစွာရှိသည်ဟု စွပ်စွဲကာ အဆိုပါရွာများအား ရွာဖျက်၍ တိုင်းအစိုးရမှချပေးသော နေရာသို့ပြောင်းရွှေ့မည်ဖြစ် ကြောင်း ခြိမ်းခြောက်သည်။

ဓာတ်ပုံ – CJ နှင့် အရာတော်(ဗကသ)

ထို့အပြင် မကျီးကန်၊ နောင်ကြီးအိုင်၊ မင်းရွာတို့ကိုလည်းအမြဲတမ်းပုန်ကန်ဆန့်ကျင်ဆန္ဒပြပြီး အကြမ်းဖက်အဖွဲ့များ စုဖွဲ့ထားသည်ဟု စွပ်စွဲကာ အဆိုပါရွာများကိုလည်း ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ရေးသားကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင်လည်း ခြိမ်းခြောက်စာတစ်ခု ထပ်မံထွက်ရှိလာပြီး ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်ရွာတို့သည် ရွာရွှေ့ပြောင်းခံရနိုင်ပြီး ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲချင်း ရွာတို့ကို အကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်သဖြင့် အလားအလာမကောင်းဟု သုံးနှုန်းခြိမ်းခြောက်ထားသည်။ ခြိမ်းခြောက်ခံရသည့် ကျေးရွာပေါင်း ၁၅ ရွာရှိလာပြီး ရွာရွှေ့ပြောင်းရလျှင် မိမိအိမ် မိမိဖျက်၍ ရွှေ့ပြောင်းပေးရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ နှင့် အရာတော်(ဗကသ)

အဆိုပါ ဝါဒဖြန့်စာရွက်များအား လိုက်လံဝေခြင်း၊ စာရွက်ကပ်ခြင်း၊ လော်စပီကာဖြင့်ကြေညာခြင်းများ ပြုလုပ်လျက်ရှိကြောင်း အရာတော်နယ်ခံများက ပြောသည်။

ထို့အပြင်လက်နက်ခဲယမ်းများ၊ ဗုံးများ၊ မိုင်းများ အချိန်မီလာရောက်အပ်နှံကြရန်၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်း ဖက်လုပ်ရပ်များဟုလည်း စွပ်စွဲထားပြီး အဆိုပါလုပ်ရပ်များ ချက်ခြင်းရပ်တန့်ရန်၊ တာဝန်ရှိသူများထံ လက်နက်၊ ခဲယမ်း၊ ဗုံးများ၊ မိုင်းများ၊ အချိန်မီလာရောက် အပ်နှံကြရန်၊ အပ်နှံအလင်းဝင်ရောက်ခြင်းမရှိပါက မြို့ရွာများအလိုက် အကြမ်းဖက်လူသတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသော ကျေးရွာများအား အထက်ပါအတိုင်း ရွှေ့ပြောင်းစေမည်ဖြစ်ပြီး အကြမ်းဖက်ချေမှုန်းရေးကို စစ်ကြောင်းများချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အပေါ် ပုန်ကန်နေပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ပြီး မကြာမီသင့်အလှည့်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ဓာတ်ပုံ – CJ နှင့် အရာတော်(ဗကသ)

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်သည်အထိ တော်လှန်စစ်ကို နောက်မဆုတ်တမ်း ဆင်နွှဲသွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက တန်ပြန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။