Connect with us

Hi, what are you looking for?

News

ဒါရိုက်တာဏကြီးရိုက်ကူးတဲ့ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင် နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဆုချီးမြှင့်ခံရ

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ What happened to the wolf? ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင် ဟာ Seymour Cassel Award for Best Performance ဆုကို ရရှိသွားပါတယ်။

အဓိကသရုပ်ဆောင် ၂ ဦး ဟာ ( အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု ) မြန်မာနိုင်ငံက အကယ်ဒမီဆုရှင်တွေဖြစ်ပြီး ကြည့်ရှုသူပရိသတ်ကို မှင်သက်ငေးမော ၊အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဆုပေးပွဲမှာကြေညာခဲ့ပါတယ်။

ဒါအပြင်သရုပ်ဆောင်ရဲ့ ရိုးရှင်းလှပမှု ၊ ပင်ကိုယ်စိတ်ထား ၊တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုကို ချီးမြှင့်တာလို့လည်းဆိုပါတယ်။

Public Service Announcement

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကိုလည်း စစ်ကောင်စီက အမှုဖွင့်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။