Connect with us

Hi, what are you looking for?

News

မကြာမီ တော်လှန်ရေးနောက်အဆင့်များလာမည်ဟု NUGကာကွယ်ရေးဝန်ကြီး အသိပေး

စစ်အာဏရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံစစ် စတင်ပြီ ဖြစ်ကြောင်း ကြေညာပြီး နှစ်ပတ်ခန့် အကြာတွင် တော်လှန်ရေး နောက်ထပ်အဆင့်များ လာမည်ဟု အသိပေးလာခြင်းလည်းဖြစ်သည်။

စစ်အုပ်စုကို တိုက်ခိုက်ရန်အတွက် မကြာမီ တော်လှန် ရေး၏ နောက်အဆင့်များ လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ၎င်း Facebook စာမျက်နှာမှတစ်ဆင့် ယနေ့ အသိပေးသည်။

စစ်အာဏရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံစစ် စတင်ပြီ ဖြစ်ကြောင်း ကြေညာပြီး နှစ်ပတ်ခန့် အကြာတွင် တော်လှန်ရေး နောက်ထပ်အဆင့်များ လာမည်ဟု အသိပေးလာခြင်းလည်းဖြစ်သည်။

“လက်တွေ့မြေပြင်မှာ PDFတွေ စိုးမိုးထားတဲ့ ကျေးရွာ ရာပေါင်းများစွာ ရှိနေပြီ။မြို့ပြနဲ့ လမ်းမတန်းတွေ လက်မလွှတ်ရအောင် အနိုင်နိုင် ထိန်းနေရတဲ့ စစ်အုပ်စု။စစ်အုပ်စုအတွက် ဖြေဆေး မရှိတော့။မကြာခင် တော်လှန် ရေးရဲ့ နောက်အဆင့်တွေ လာဦးမယ်။ပြည့်သူ့ရန်သူ စစ်အုပ်စုကို ပြည်သူက အသက်ရှုချိန်မရအောင် တိုက်လိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ဆိုသည်။

ပြည်သူ့တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်အပေါင်းသည်”ပြည်သူ့သူရဲကောင်းဘွဲ့ နှင့် ထိုက်တန်ကြောင်း၊ တိုက်ပွဲဝင် စစ်သည်အားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအတွင်း အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့သည့် အပြစ်မဲ့ ပြည်သူများအတွက်လည်း ပြည်သူ့အစိုးရက တာဝန်ယူလိမ့်မည်ဟုလည်း ဝန်ကြီးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook