Connect with us

Hi, what are you looking for?

LuduNwayOo

News

မကြာမီ တော်လှန်ရေးနောက်အဆင့်များလာမည်ဟု NUGကာကွယ်ရေးဝန်ကြီး အသိပေး

စစ်အာဏရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံစစ် စတင်ပြီ ဖြစ်ကြောင်း ကြေညာပြီး နှစ်ပတ်ခန့် အကြာတွင် တော်လှန်ရေး နောက်ထပ်အဆင့်များ လာမည်ဟု အသိပေးလာခြင်းလည်းဖြစ်သည်။

စစ်အုပ်စုကို တိုက်ခိုက်ရန်အတွက် မကြာမီ တော်လှန် ရေး၏ နောက်အဆင့်များ လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ၎င်း Facebook စာမျက်နှာမှတစ်ဆင့် ယနေ့ အသိပေးသည်။

စစ်အာဏရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံစစ် စတင်ပြီ ဖြစ်ကြောင်း ကြေညာပြီး နှစ်ပတ်ခန့် အကြာတွင် တော်လှန်ရေး နောက်ထပ်အဆင့်များ လာမည်ဟု အသိပေးလာခြင်းလည်းဖြစ်သည်။

“လက်တွေ့မြေပြင်မှာ PDFတွေ စိုးမိုးထားတဲ့ ကျေးရွာ ရာပေါင်းများစွာ ရှိနေပြီ။မြို့ပြနဲ့ လမ်းမတန်းတွေ လက်မလွှတ်ရအောင် အနိုင်နိုင် ထိန်းနေရတဲ့ စစ်အုပ်စု။စစ်အုပ်စုအတွက် ဖြေဆေး မရှိတော့။မကြာခင် တော်လှန် ရေးရဲ့ နောက်အဆင့်တွေ လာဦးမယ်။ပြည့်သူ့ရန်သူ စစ်အုပ်စုကို ပြည်သူက အသက်ရှုချိန်မရအောင် တိုက်လိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ဆိုသည်။

ပြည်သူ့တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်အပေါင်းသည်”ပြည်သူ့သူရဲကောင်းဘွဲ့ နှင့် ထိုက်တန်ကြောင်း၊ တိုက်ပွဲဝင် စစ်သည်အားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအတွင်း အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့သည့် အပြစ်မဲ့ ပြည်သူများအတွက်လည်း ပြည်သူ့အစိုးရက တာဝန်ယူလိမ့်မည်ဟုလည်း ဝန်ကြီးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။