Connect with us

Hi, what are you looking for?

News

နိုက်ကလပ်မှပြန်လာ​သော ဗိုလ်မှူးကြီးသမီးကို စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်သတ်

အာဏာသိမ်းစစ်​ကောင်စီမှ ဒုတိယဗိုလ်မှူးကြီးကိုကို ၏သမီးမှာ ပြီးခဲ့သည့်စ​နေ​​နေ့ (စက်တင်ဘာ ၁၈ ရက်) ညကရန်ကုန်မြို့တွင် နိုက်ကလပ်မှ ပြန်လာစဥ် အကြမ်း ဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက​သေနတ်ဖြင့်ပစ်ခတ်သဖြင့် ​သေဆုံးသွားသည်။

အာဏာသိမ်းစစ်​ကောင်စီတပ်မှ အရာရှိတစ်ဦး၏ သမီးဖြစ်သလို ၊ စစ်တပ်ကို အမာခံ​ထောက်ခံသူဖြစ်​သောလမင်းစန္ဒာအမည်ရှိ အမျိုးသမီးမှာ စနေညက နိုက်ကလပ်မှ ကားဖြင့်ပြန်လာစဥ် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ကားကိုရပ်ခိုင်းရာ မရပ်​ပေးသဖြင့် ​သေနတ်ဖြင့်ပစ်ရာ​​ ​​နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်​ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့က ​ပြောသည်။

သူမသည် အာဏာသိမ်းစစ်​ကောင်စီက ဝါဒဖြန့်ရန်ဖွင့်ထား​သော ရန်ကင်းကိုဗစ်ကုသ​ရေးစင်တာတွင် ​စေတနာ့ဝန်ထမ်းအဖြစ် သြဂုတ်၁၃ ရက်မှစ၍ လုပ်ကိုင်​နေသူဖြစ်သည်။ထို့ကြောင့် သူမ​သေပြီး​နောက် စက်တင်ဘာ ၂၀ မှစ၍ အလုပ်တာဝန်များမှရပ်စဲလိုက်​ကြောင်း ၊ လမင်းစန္ဒာအ​နေဖြင့် သွားလိုရာသို့ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်​ကြောင်းရန်ကင်းကိုဗစ်စင်တာမှ ဦး​မောင်​မောင်ချို ၏လက်မှတ်ဖြင့် စက်တင်ဘာ ၂၀ ရက်ကပြုလုပ်​သော သူမ၏ နာ​ရေးတွင် အမိန့်ပြန်တမ်း ထုတ်ခဲ့သည်ကို​ တွေ့ရသည်။

အာဏာသိမ်းစစ်​ကောင်စီ၏သားသမီးများ ၊​ငွေ​ကြေးတက်နိုင်​သောစစ်တပ်ကို​ထောက်ခံသူများ၊ ​ငွေ​ကြေးကြွယ်ဝ​သော လူ့မလိုင်များ အတွက် ရန်ကုန်တွင် ကလပ်အချို့ကို ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်မှာပင်ဆက်လက်ဖွင့်ထား​နေဆဲဖြစ်သည်။ ညမထွက်ရအမိန့်နှင့် ညပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးနှိပ်ကွပ်မှုများ​ကြောင့် သာမာန်ပြည်သူအများစု အ​ရေး​ပေါ်အ​ခြေအ​နေမဟုတ်လျှင် အိမ်အပြင်မထွက်​သောအ​ခြေအ​နေတွင်ပင် လမင်းစန္ဒာကဲ့သို့စစ်တပ် အနွှယ်ဝင်များ၊​ထောက်ခံသူများ ၊​ငွေ​ကြေးချမ်းသာကြွယ်ဝ​သောခံယူချက်မရှိသည့် လူ့မလိုင်များ ထိုကလပ်များသို့အဓိက သွား​ရောက်​လေ့ရှိ​ကြောင်း ကလပ်စီးပွား​ရေးအ​ကြောင်း သိသူတစ်ဦးက​ပြောသည်။

“မရပ်​ပေးလို့ဖြစ်တာ အပြစ်​ပြောလို့မရဘူး။ ပြစ်တဲ့ရဲ​ဘော်မှာ အပြစ်မရှိဘူး”ဟု အကြမ်းဖက်စစ်​တပ်​ထောက်ခံသူအချို့က ​​ဖေ့စ်ဘွတ်ခ်တွင်​ရေးသားကြသည်။

Public Service Announcement

Public Service Announcement

သို့​သော် လမင်းစန္ဒာ၏ ချစ်သူ စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးဟု ဆိုသူ ​အောင်မျိုးအမည်ဖြင့် ​ဖေစ်ဘွခ်အသုံးပြုသူက “မင်းတို့တပ်မ​​တော်ကြီးကလည်းကွာ ပြစ်စရာလူအဲ​လောက်ရှားရလားကွာ” ဟု​ရေးသားထာသည်ကိုလည်း​တွေ့ရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း ပြည်သူများကို အ​ကြောင်းပြချက်မျိုးစုံဖြင့် စိတ်မထင်ရင် မထင်သလို ​သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်​နေမှု မှာ စစ်​ကောင်စီတပ်အတွက်မထူးဆန်းဘဲ ပုံမှန်ဖြစ်​နေကြောင်း ဗိုလ်မှူးသမီးကိုယ်တိုင် ​သေနတ်ဖြင့် ပစ်အသတ်ခံရမှုကသာဓကတစ်ခုဖြစ် သည်။ စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းကားပစ်ခတ်သတ်ဖြတ်၍ စစ်တပ်အသိုင်းအဝိုင်းမှ လူကိုယ်တိုင်​သေဆုံးမှူမှာ လမင်းစန္ဒာသည်ပထမဆုံးမဟုတ်ဘဲ မန္တ​လေးမြို့တွင် မကြာ​သေးမီကလည်း စစ်​ကောင်စီတပ်အရာရှိ တစ်ဦး၏ သားဖြစ်သူ ညအချိန်တွင်​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ​သေး​ကြောင်း​ဒေသခံအချို့က​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။