Connect with us

Hi, what are you looking for?

News

အရှေ့တောင်အာရှတွင် မြန်မာတစ်နိုင်ငံတည်း စီးပွားရေးကျဆင်း၊ ၁၈ရာခိုင်နှုန်းကျော် ကျဆင်းလာဟု ADBဆို

အာရှဖွံဖြိုးရေးဘဏ်(ADB)က ၂၀၂၁စက်တင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တစ်ခုတည်း စီးပွားရေးကျဆင်းလာသည့် နိုင်ငံဖြစ်လာသည်ဟု ဆိုသည်။

မြန်မာစီးပွားရေးကျဆင်းမှုသည် ခန့်မှန်းထားသည့်ထက် နှစ်ဆခန့်ကျဆင်းပြီး ယခုနှစ်အတွင်း စီးပွားရေးကျဆင်းမှုသည် ၁၈ဒဿမ၄ ရာခိုင်နှုန်းရှိလာသည်ဟု အာရှဖွံဖြိုးရေးဘဏ်က ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

အာရှဖွံဖြိုးရေးဘဏ်(ADB)က ၂၀၂၁စက်တင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တစ်ခုတည်း စီးပွားရေးကျဆင်းလာသည့် နိုင်ငံဖြစ်လာသည်ဟု ဆိုသည်။

အာရှဖွံဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် မူလ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၁ စက်တင်ဘာလကုန်တွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိလာမည်ဟု ADBကဆိုထား သည်။

ယခု ထိုစီးပွားရေးကျဆင်းနှုန်းသည် မြန်မာ့သမိုင်းတစ်လျှောက် အမြင့်ဆုံးစီးပွားရေးကျဆင်းနှုန်းဖြစ်သည်။ နှစ်ပေါင်း၃၀အတွင်း ပထမဦးဆုံးကြိမ် စီးပွားရေးပြန်လည်ကျဆင်းခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၂၀၁၉တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်း၊စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခဲပါက ၂၀၂၁တွင် စီးပွားရေးတိုးတက်နှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ADBက ခန့်မှန်းထားခဲ့သည်။

ADBက ခန့်မှန်းထားအချက်အရ အာဆီယံနိုင်ငံများအနက် စင်ကာပူနှင့် မလေးရှားနိုင်ငံတိုသည် စီးပွားရေးအတိုးတက်ဆုံးနိုင်ငံများဖြစ်ပြီး စီးပွားရေးတိုးတက်မူ ၆ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် တရှိန်ထိုးကျဆင်းနေသည်ဟု ADBက ဆိုထားသည်။

စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံတွင်း စိုက်ပျိုးရေးလုပ်ငန်းများလည်းပျက်စီးခဲ့သည်ဟုလည်းဆိုသည်။ စိုက်ပျိုးရေးထွက်ကုန်များသည် ဈေးနှုန်းမရဘဲ သွင်းအားစုများ ဈေးကြီးမြင့်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးပိတ်ထားတို့ကြောင့်ဖြစ်သည်ဟု ADBက ခန့်မှန်းထားသည်။

စက်မှုကုန်ထုတ်လုပ်မူလုပ်ငန်းများလည်း ၂၀ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ADBက ဆိုသည်။ မွေးမြူရေး၊ သတ္တု၊ ကုန်ထုတ်လုပ်မူစသည့် ပို့ကုန်အားလုံးလည်း ကျဆင်းခဲ့ရသည်ဟုဆိုသည်။နောက်လအတွင်း ၂၆ ရာခိုင်နှုန်းခန့်ဆက်လက်ကျဆင်းနိုင်သေးသည်ဟုလည်းဆိုထားသည်။

ငွေကြေးဖောင်းပွမှုသည် ၆ ဒဿမ ၂ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်ဟု ADBက ဖော်ပြထားသည်။

မြန်မာကျပ်ငွေမတည်ငြိမ်မူသည် ဆိုးဆိုးဝါးဝါးဖြစ်လာပြီး ဒေါ်လာတန်ဖိုးသည် ၂၀၂၀ဇူလှိုင်နှင့် ၂၀၂၁ ဇူလှိုင်ကို နှိုင်းယှဉ်ပါက ၁၉ ဒသမ ၄ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ADBက ဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ ဒေသတွင်းမှာ မှတ်တမ်းတင် တွေ့ရှိဖူးသမျှ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းကို ထိုင်းနိုင်ငံမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။