Connect with us

Hi, what are you looking for?

News

မုံရွာမြို့လယ်တွင် ယာဥ်ထိန်းရဲတစ်ဦး​​သေနတ်ဖြင့်ပစ်သတ်ခံရ၊ စစ်​ကောင်စီ၏အ​စေအပါးဖြစ်၍ သုတ်သင်ခြင်းဖြစ်​ကြောင်းMPDF ထုတ်ပြန်

စစ်​ကောင်စီ​၏ အ​စေအပါးတစ်ဦးဖြစ်​သောအဆိုပါယာဥ်ထိန်းရဲအား မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ မြို့ပြပျောက်ကြားရဲဘော်များမှ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း MPDFက သတင်းထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ယာဥ်ထိန်းရဲတစ်ဦး​သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၂၂ ရက် )နံနက် ၁၁ နာရီဝန်းကျင်က မုံရွာမြို့လယ်ဖြစ်သည့် ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိကားလေးကွင်းမီးပွိုင့်တွင် ယာဥ်ထိန်းရဲတစ်ဦးအား သေနတ်ဖြင့် ပစ်သွားခြင်း​ဖြစ်ပြီး ရရှိသွားသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မုံရွာနယ်ခံများက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ်သုံးချက်ခန့်ပစ်ဖောက် ၍ ဖြတ်သွားသမျှကားများ ၊လူများကို ပိတ်ဆို့တားဆီး၍ အပြင်းအထန်စစ်ဆေးခဲ့ပြီး အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီ​၏ အ​စေအပါးတစ်ဦးဖြစ်​သောအဆိုပါယာဥ်ထိန်းရဲအား မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ မြို့ပြပျောက်ကြားရဲဘော်များမှ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း MPDFက သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

MPDF တပ်ဖွဲ့အနေဖြင့် ယခင်ကအကြမ်းဖက်စစ်ကောင်စီ နှင့် အစေအပါးများကို သတိပေးခဲ့ပြီးဖြစ် ကြောင်း၊ ဖြစ်ပေါ်လာသည့်အကျိုးဆက်များသည် ဖက်စစ်စစ်ကောင်စီ ၏ အကြမ်းဖက် သောဖြစ်ရပ်များမှ အခြေတည်လာခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ် အလုံးစုံ ပျက်သုဉ်းရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး တို့ကို ဦးတည်၍ စစ်ကောင်စီကောင်စီအား ဖြုတ်ချရန် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း MPDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။