Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့လယ်တွင် ယာဥ်ထိန်းရဲတစ်ဦး​​သေနတ်ဖြင့်ပစ်သတ်ခံရ၊ စစ်​ကောင်စီ၏အ​စေအပါးဖြစ်၍ သုတ်သင်ခြင်းဖြစ်​ကြောင်းMPDF ထုတ်ပြန်

စစ်​ကောင်စီ​၏ အ​စေအပါးတစ်ဦးဖြစ်​သောအဆိုပါယာဥ်ထိန်းရဲအား မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ မြို့ပြပျောက်ကြားရဲဘော်များမှ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း MPDFက သတင်းထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ယာဥ်ထိန်းရဲတစ်ဦး​သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၂၂ ရက် )နံနက် ၁၁ နာရီဝန်းကျင်က မုံရွာမြို့လယ်ဖြစ်သည့် ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိကားလေးကွင်းမီးပွိုင့်တွင် ယာဥ်ထိန်းရဲတစ်ဦးအား သေနတ်ဖြင့် ပစ်သွားခြင်း​ဖြစ်ပြီး ရရှိသွားသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မုံရွာနယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားပြီးနောက်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သေနတ်သုံးချက်ခန့်ပစ်ဖောက် ၍ ဖြတ်သွားသမျှကားများ ၊လူများကို ပိတ်ဆို့တားဆီး၍ အပြင်းအထန်စစ်ဆေးခဲ့ပြီး အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီ​၏ အ​စေအပါးတစ်ဦးဖြစ်​သောအဆိုပါယာဥ်ထိန်းရဲအား မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ မြို့ပြပျောက်ကြားရဲဘော်များမှ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း MPDFက သတင်းထုတ်ပြန်ခဲ့သည်။

MPDF တပ်ဖွဲ့အနေဖြင့် ယခင်ကအကြမ်းဖက်စစ်ကောင်စီ နှင့် အစေအပါးများကို သတိပေးခဲ့ပြီးဖြစ် ကြောင်း၊ ဖြစ်ပေါ်လာသည့်အကျိုးဆက်များသည် ဖက်စစ်စစ်ကောင်စီ ၏ အကြမ်းဖက် သောဖြစ်ရပ်များမှ အခြေတည်လာခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ် အလုံးစုံ ပျက်သုဉ်းရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး တို့ကို ဦးတည်၍ စစ်ကောင်စီကောင်စီအား ဖြုတ်ချရန် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း MPDF က အသိပေးထားသည်။