Connect with us

Hi, what are you looking for?

News

လစ်လပ်နေသည့် DKBAစစ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီးစောစတီးအား တာဝန်ပေး

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုးရှေးသည် ဇူလိုင် ၂၁ရက်က ကိုဗစ်ရောဂါနှင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး နှစ်လကျော်အကြာတွင် ဒုစစ်ဦးစီးချုပ်ကို စစ်ဦးစီးချုပ် အဖြစ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ လစ်လပ်လျက်ရှိသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးစောစတီးအား ယနေ့(စက်တင်ဘာ ၂၃ရက်)မှစ၍ တာဝန်ပေး လိုက်ကြောင်း DKBAက ထုတ်ပြန်သည်။

ထိုသို့ တာဝန်ပေးခြင်းကို DKBAဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးသဘောတူညီ ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုးရှေးသည် ဇူလိုင် ၂၁ရက်က ကိုဗစ်ရောဂါနှင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး နှစ်လကျော်အကြာတွင် ဒုစစ်ဦးစီးချုပ်ကို စစ်ဦးစီးချုပ် အဖြစ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။