Connect with us

Hi, what are you looking for?

News

လက်နက်ကိုင်တပ်ဖွဲ့အားလုံး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်မိခြင်းမရှိစေရေး အထူးဂရုပြုကြဖို့ NUG တိုက်တွန်း

အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီး၊ ကလေး သူငယ်၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းများ အပါအဝင် အထူးကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သူများကို အကြမ်းဖက်ခြင်းဟာ ဘယ်လို အခြေအနေမျိုးမှာမှ လုပ်ဆောင်သင့်တဲ့အရာမဟုတ်ဘဲ မထိခိုက်အောင် ကာကွယ်ပေးရမှာ ဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နေကြတဲ့ လက် နက်ကိုင်တပ်ဖွဲ့အသီးသီးဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်မိခြင်းမရှိစေရေးအတွက် အထူးဂရုပြုကြဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့တိုက်တွန်းထုတ်ပြန်ပါတယ်။

အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီး၊ ကလေး သူငယ်၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းများ အပါအဝင် အထူးကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သူများကို အကြမ်းဖက်ခြင်းဟာ ဘယ်လို အခြေအနေမျိုးမှာမှ လုပ်ဆောင်သင့်တဲ့အရာမဟုတ်ဘဲ မထိခိုက်အောင် ကာကွယ်ပေးရမှာ ဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မည်သည့်တပ်ဖွဲ့၊ အုပ်စုကမှ မကျူးလွန်ဖို့လည်း တာ ဝန်ရှိပြီး စစ်ကောင်စီရဲ့ အမျိုးသမီး၊ ကလေး သူငယ်များအပေါ် ကျူးလွန်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ် မှတ် တမ်းတင်ကာ အပြစ်ရှိသူများကို တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့ လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌနအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းအမျိုးမျိုးနဲ့တွန်းလှန်နေရာမှာ အပြစ်မဲ့ပြည်သူလူထု အပေါ် ထိခိုက်မှုတွေ မရှိဖို့နဲ့ လူ့အခွင့်အရေးကို လေးစားကာကွယ်မှုတွေရှိလာဖို့အတွက် ပြည် သူကာကွယ်ရေး တပ်မတော်တပ်ဖွဲ့ဝင်တွေအနေနဲ့ လိုက်နာကျင့်သုံးအပ်တဲ့ စစ်သည်တော်ကျင့် ဝတ်များ၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာလိုက်နာကြဖို့ ထပ်လောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။