Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားနိုင်ရေးဆက်လက်လုပ်ဆောင်မယ်လို့ ဒိန်းမတ်သံရုံးအကြီးအကဲအသစ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ အကြီးအကဲအသစ် Anders Graugaard ဟာ ရန်ကုန်မြို့ကို မနေ့က ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့ထုတ်ဖော်ပြောကြားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံရုံးအကြီး အကဲ Andrews Graugaard က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ အကြီးအကဲအသစ် Anders Graugaard ဟာ ရန်ကုန်မြို့ကို မနေ့က ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့ထုတ်ဖော်ပြောကြားတာဖြစ်ပါတယ်။

“လှပ စိမ်းလန်းစိုပြေတဲ့ ရန်ကုန်မြို့ကို ကျွန်တော် မနေ့က ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ဆက်လက် ဆောင်ရွက်ဖို့ ဒီကိုလာရောက်ရတာ ဝမ်းမြောက်ပါတယ်” လို့ ဒိန်းမတ်သံရုံး အကြီးအကဲက ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ဟာ အီးယူနဲ့အတူ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချထားပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး တောက်လျှောက်တိုက်တွန်းနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။