Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် မီးတုတ်များကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြ

လူငယ်များသည် “ဘာတွေလဲ ရေဘဝဲတွေ” ဆိုသည့်စာတန်းကို ကိုင်ဆောင်ပြီး သံပုံးတီး၍ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိစေရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (စက်တင်ဘာ ၂၈ ရက်) ညနေပိုင်း၌ လူငယ်များက မီးတုတ်များ ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ချီတက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါသပိတ်ကို OCTOPUS ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း မှဦးဆောင်၍ တကသကျောင်းသားများ နှင့် မြို့နယ်သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လူငယ်များသည် “ဘာတွေလဲ ရေဘဝဲတွေ” ဆိုသည့်စာတန်းကို ကိုင်ဆောင်ပြီး သံပုံးတီး၍ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိစေရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာချထားသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် နေ့စဉ်ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။