Connect with us

Hi, what are you looking for?

News

နွေဦးထီရဲ့ ကံထူးရှင်ရွေးပွဲ အောက်တိုဘာ ၁ ရက်မှာ ကျင်းပမယ်

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် သတ်မှတ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ‘အောင်လံလွှင့်ချီ နွေဦးထီ’ Pilot project ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီမှာ ကျင်းပပြုလုပ်မယ်လို့ နွေဦးထီမိသားစုက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က Computerized random selection (ကွန်ပျူတာဖြင့်ကျဘမ်းရွေးချယ်ခြင်း)နဲ့ ကံထူးရှင်နံပါတ်တွေကိုရွေးချယ် ပေးသွားမယ်လို့ နွေဦးထီပရိတ်သတ်တွေကို အသိပေးထားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီ Pilot project မှာ အားတက် သရောပူးပေါင်းပါဝင်ခဲ့ကြတဲ့ မိဘပြည်သူတစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို အထူးပင်လေးစား ကျေးဇူးတင်ရှိရင်း မိဘပြည်သူများ နွေဦးထီ ကံထူးရှင်ဖြစ်ကြပါစေကြောင်း နွေဦးထီမိသားစုက ဆုတောင်းပေးထားပါတယ်။

နွေဦးထီရဲ့ ရောင်းချရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီ ဆန်ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDMer တွေ အတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် သတ်မှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

‘အောင်လံလွှင့်ချီနွေဦးထီ’ ရဲ့ အမြင့်ဆုံးဆုကြေးငွေဟာ ၁၅ သိန်းဖြစ်ပေမယ့် စစ်အာဏာသိမ်းကို ဆန့်ကျင်တဲ့ ပြည်သူလူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ကာ အားပေးဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook