Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ရေယာဉ်ကို မုံရွာနှင့် ကနီ PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF တပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း အသိပေးထားသည်။

ချင်းတွင်းမြစ်ရိုးတလျှောက် ဆန်တက်လာသည့်အကြမ်း ဖက်စစ်ကောင်စီ၏ ရေယာဉ်ကို စက်တင်ဘာ ၂၉ရက်က တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က သတင်းထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF တပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း အသိပေးထားသည်။

MPDF သည် မုံရွာမြို့အတွင်း ပြောက်ကျားတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံမဟာမိတ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းအသိပေးအပ်သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“စစ်ကိုင်းတိုင်းဒေသကြီးအား အကြမ်းဖက်စစ်ကောင်စီမှ မြူတမှုန်စာမျှပင် အုပ်ချုပ်ခွင့်မရစေရ’’ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။