Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်တွင် ဒေသခံကာကွယ်ရေးတပ်၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြား

စစ်ကောင်စီတပ်များသည် နှမ်းခါးရွာရှိ အများပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးသွားကြောင်း၊ စစ်ကောင်စီဘက်မှ အင်အား အဆမတန်ဖြင့် ထိုးစစ်ဆင်လာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ အကျအဆုံးမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခုခံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၉ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနှင့် မွှေ့လှယ်ရွာ ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ မြင်သားရွာခံတစ်ဦးက ပြောသည်။

“မနေ့က နှမ်းခါးကို မရောက်ခင်မှာ တစ်ခါဖြစ်တယ်။ ပြီးတော့ နှမ်းခါးရွာကို ဟိုဘက်ကျော်သွားတဲ့အခါ မွှေ့လည် အဝင်မှာလည်း တစ်ခါဖြစ်တယ်။ ကြားတာကတော့ နှမ်းခါးဘုန်းကြီးကျောင်းမှာ မိန်းကလေးတွေ ခိုနေတာ ရှိတယ် သွားခိုနေတဲ့ မိန်းကလေးတွေကို ကာဗာလုပ်ပြီးတော့ ခေါ်သွားတယ်လို့လည်း ကြားရတယ်” ဟု ဒေသခံက ပြောသည်။

နှမ်းခါးရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးခဲ့ပြီး မွှေ့လှယ်ရွာအနီး တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က တစ်ရက်တည်းနဲ့ လူ ၄၀ကျော် ပြုတ်တယ်လို့ကြားတယ်” ဟု ဒေသခံက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည့်နေ့စဉ် စစ်ရေးသတင်းဖော်ပြချက်၌ စက်တင်ဘာ ၂၉ရက် မနက် ၉နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ ဒေသခံများမှ ခုခံတွန်းလှန်ရာ စစ်ကောင်စီဘက်မှ ၂၅ဦး သေဆုံးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီတပ်က နှမ်းခါးရွာကို မီးရှို့ခဲ့၍ နေအိမ် ၁၄လုံးမီးလောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၀ ကလည်း နှမ်းခါးရွာကို ဝန်ရောက်စီးနင်းရာ ဒေသခံများက တိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်မှုများရှိခဲ့သည်။ ထိုသို့ အထိနာခဲ့ခြင်းကြောင့် နှမ်းခါးရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့သည်။ ယခုတစ်ကြိမ်အပါအဝင် စစ်ကောင်စီတပ်က နှမ်းခါးရွာကို မီးရှို့ဖျက်ဆီးမှု ၃ကြိမ် ပြုလုပ်ခဲ့ ရာ နေအိမ် ၆၀ကျော် မီး လောင်ခဲ့သည်။

စစ်ကောင်စီတပ်များသည် နှမ်းခါးရွာရှိ အများပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးသွားကြောင်း၊ စစ်ကောင်စီဘက်မှ အင်အား အဆမတန်ဖြင့် ထိုးစစ်ဆင်လာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ အကျအဆုံးမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။