Connect with us

Hi, what are you looking for?

News

ဒေါ်လာစျေးကြောင့် စက်သုံးဆီဆိုင်အချို့အရောင်းပိတ်

နယ်မြို့အချို့တွင် စက်သုံးဆီရောင်းချမှုမှာ 95 တစ်လီတာကို ကျပ် ၂၀၀၀အထိမြင့်တက်လာပြီး အချို့ဆိုင်များက ဈေးမဖွင့်နိုင်တော့၍ ပိတ်သိမ်းထားသည်ဟု ဆိုင်ရှင်အချို့က ပြောသည်။

ဒေါ်လာဈေး အဆမတန်မြင့်တက်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ စက်သုံးဆီအရောင်းပိတ်သိမ်း၍ အချို့နေရာများ တန်းစီဝယ်ယူနေရသည်။

နယ်မြို့အချို့တွင် စက်သုံးဆီရောင်းချမှုမှာ 95 တစ်လီတာကို ကျပ် ၂၀၀၀အထိမြင့်တက်လာပြီး အချို့ဆိုင်များက ဈေးမဖွင့်နိုင်တော့၍ ပိတ်သိမ်းထားသည်ဟု ဆိုင်ရှင်အချို့က ပြောသည်။

“ဒေါ်လာဈေးက အတက်များပြီး ဘယ်လောက်ပေါက်လဲ မသိတော့၊ ဆီဈေးကိုလည်း မဖွင့်နိုင်လို့ အရောင်းပိတ်ထားရတယ်”ဟု ပဲခူးတိုင်းမှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပဲခူတိုင်းတွင် 92 တစ်လီတာကို ကျပ် ၁၅၀၀နှင့် 95 တစ်လီတာ ကို ၁၉၅၀ကျပ် ပေါက်ဈေးဖွင့်ထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် 92 တစ်လီတာကို ကျပ် ၁၅၀၀ နှင့် 95 တစ်လီတာကို ၁၆၀၀ ခန့်ဈေးဖွင့်ထားသည်။

အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း 95 တစ်လီတာကို ကျပ် ၁၈၀၀ အထက်တွင်ရှိနေသည်။ ထိုသို့ စက်သုံးဆီမြင့်တက်လာမူကြောင့် စက်သုံးဆီဆိုင် အချို့မှာရောင်းချမှု ရပ်နားကြသည်။

အချို့မြို့များတွင် စက်သုံးဆီပျက်လပ်တော့မည်ဟူသော ကောလဟာလများကြောင့် စက်သုံးဆီများ အလုအယက်ဝယ်ယူနေကြသည်။

စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းမြင့်တတ်နေခြင်းကို ထိန်းချုပ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင် များအနက် ဆိုင်ပေါင်း၁၀၀ ကျော်သည် စက်တင်ဘာ ၂၅ ရက်မှစတင်ကာ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းများဖြင့်ရောင်းချပေးမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားသည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း သုံးထောင်ခန့် ရှိသည်။

ပြင်ပပေါက်ဈေးတွင် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ မှ ၃၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။