Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်အင်အားအချို့ ဒဏ်ရာရသူများသယ် ဆောင်ကာ တပ်ဆုတ်သွားဟု KNDF ပြော

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၌ ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ ယနေ့( စက်တင်ဘာ ၃၀ရက်) တွင် ကုန်းသာရွာတွင် အကြမ်းဖက် စစ်ကောင်းစီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်းနှင့် ယမန်နေ့တိုက်ပွဲတွင် ကျဆုံးထိခိုက်မှုများခဲ့သည့် စစ်ကောင်စီတပ်အင်အားအချို့သည် ဒဏ်ရာရသူအချို့ကို သယ်ဆောင်ကာ တပ်ဆုတ်သွားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၌ ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ ယနေ့( စက်တင်ဘာ ၃၀ရက်) တွင် ကုန်းသာရွာတွင် အကြမ်းဖက် စစ်ကောင်းစီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကုန်းသာကျေးရွာအနီးရှိ တောင်ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီတပ် များမှ တပ်ဆွဲလျက်ရှိပြီး၊ ကုန်းသာကျေးရွာအတွင်းနှင့် အနီးအနားနေရာများသို့လက်နက် ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်များသည် စက်တင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲအတွင်း အများအပြားထိခိုက်ကျဆုံးခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူအချို့ကို သယ်ဆောင်ကာ မိုးဗြဲဘက်သို့ တပ်အင်အားအချို့ တပ်ဆုတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် တဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့၍ ကုန်းသာကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၉ရက်တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်များဖက်မှ အာဇာနည်​ခြောက်ဦးကျဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီဒေသသို့ ဝင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ KNDF၊ ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်းခုခံနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

Facebook