Connect with us

Hi, what are you looking for?

News

လက်ဖက်ရည်ဆိုင်ထိုင်​နေ​​သည့် စစ်​ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင်သုံးဦး ဗုံးဖြင့်အပစ်ခံရသဖြင့်​သေဆုံး

“ဗိုလ်မှူးအပြင် သေတဲ့နှစ်ယောက်က ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ယောက်လို့လည်းပြောတယ်။ မုန့်လာဝယ်တဲ့အရပ်သားတွေလည်း ထိခိုက်မိတယ်လို့ပြောနေတယ်”ဟု ကျွန်းလှဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့တွင် ယနေ့နံနက်က လက်ဖက် ရည်ဆိုင်တစ်ဆိုင်ထိုင်​နေ​သည့် စစ်ကောင်စီ၏ ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦးထက်မနည်းဗုံး​ပေါက်ကွဲ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁ ရက်)နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ကျွန်းလှမြို့၊ မြို့မရုံးဦးကျောင်းနှင့် မျက်နှာ ချင်းဆိုင်ရှိ ဦးရွှင်လက်ဖက်ရည်ဆိုင်တွင် ဗုံးနှစ်လုံးပစ်သွင်းခံရပြီး တစ်လုံးပေါက်ကွဲခဲ့ရာ ဆိုင်အတွင်း နံနက်စာ လာစားနေသော အရပ်သားနှစ်ဦးနှင့် ဗိုလ်မှူးတစ်ဦးအပါ အဝင် သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း​ဒေသခံအချို့က ​ပြောသည်။ ထို့အပြင် ဆိုင်အတွင်းရှိနေသော အရပ်သား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှဒေသခံများက ပြောသည်။

“ဗိုလ်မှူးအပြင် သေတဲ့နှစ်ယောက်က ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ယောက်လို့လည်းပြောတယ်။ မုန့်လာဝယ်တဲ့အရပ်သားတွေလည်း ထိခိုက်မိတယ်လို့ပြောနေတယ်”ဟု ကျွန်းလှဒေသခံတစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ်မှာလည်း စစ်ကောင်စီတပ်များသည် ပြည်သူများအား အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးမှုများပြုလုပ်နေပြီး နေ့ခင်း၁၁နာရီနောက်ပိုင်း အပြင်မထွက်ရန်လည်း ကန့်သတ်ထားသည်ဟု ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်