Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ-ကလေး လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ထပ်မံအကြမ်းဖက်နေ

“သူတို့ဘာသာသူတို့ ပစ်နေတာ။ ရွာထဲဘက်ကို လက်နက်ကြီးနဲ့ပစ်နေတာ တောင်ဘက်ကနေ။ ထယ်လှော်ဘက်လည်း ပြန်ပြီးမီးရှို့လို့တော့ ကြားတယ်။ ဘယ်နှစ်လုံးလောင်လဲတော့ မသိဘူး”ဟု ၎င်းက ပြောသည်။

(နှမ်းခါးရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည်ကို စက်တင်ဘာ ၃၀ရက်က ​တွေ့ရစဥ်)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ နှမ်းခါးနှင့် ထယ်လှော်ရွာကို စစ်ကောင်စီတပ်က ယနေ့ ထပ်မံအကြမ်း ဖက် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ဒုတိယပတ်က ထယ်လှော်ရွာ၊ နှမ်းခါးရွာ၊ မြင်သားရွာအပါအဝင် ဂန့်ဂေါ- ကလေး လမ်းပိုင်း တစ်၀ိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ကျေးရွာများကိုမီးရှို့ခြင်း၊ ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့သည်။

နှမ်းခါးရွာကို စက်တင်ဘာအတွင်းကပင် စစ်ကောင်စီတပ်က ၃ကြိမ်မီးရှို့ခဲ့ရာ အိမ်ခြေ ၆၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။ အဆိုပါလမ်းပိုင်း၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာပြီး ကျေးရွာများကို ပစ်မှတ်ထား အကြမ်းဖက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ (အောက်တိုဘာ ၂ရက်) ညနေပိုင်းကလည်း စစ်ကောင်စီတပ်က နှမ်းခါးရွာဘက်သို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု နှမ်းခါးရွာခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“သူတို့ဘာသာသူတို့ ပစ်နေတာ။ ရွာထဲဘက်ကို လက်နက်ကြီးနဲ့ပစ်နေတာ တောင်ဘက်ကနေ။ ထယ်လှော်ဘက်လည်း ပြန်ပြီးမီးရှို့လို့တော့ ကြားတယ်။ ဘယ်နှစ်လုံးလောင်လဲတော့ မသိဘူး”ဟု ၎င်းက ပြောသည်။

ဂန့်ဂေါဒေသခံတစ်ဦးကလည်း “ဒီနေ့ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ ထပ်မံမီးရရ။ တစ်ရွာလုံးနီးပါး ပြေင်။ အိမ်ခြေအနည်းငယ်သာကျန်ခဲ့တာ။ နေ့လည်က အရှို့ခံရတာ”ဟု ပြောသည်။

မြင်သားရွာသူတစ်ဦးကလည်း “အခု ကျွန်မတို့ ရွာကနေ လက်နက်ကြီးအသံတွေကြားနေရတယ်။ အခု တ၀ုန်းဝုန်းနဲ့ ကြားနေရတယ်။ဘယ်နားကလည်းဆိုတာ လိုက်နေတုန်း။ ကျွန်မတို့ မြင်သားက မြစ်အရှေ့ဘက်က ။အခုကြားနေရတာ အနောက်ဘက်ကမ်းက”ဟု ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်၏ စီးနင်းအကြမ်းဖက်မှုကြောင့် မြင်သား၊ နှမ်းခါးအပါအဝင် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများ မှ ဒေသခံများ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်အနေဖြင့်လည်း အဆိုပါ ဒေသသို့ အင်တာနက်ဖြတ်တောက်ပြီး ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အနေဖြင့် ဂန့်ဂေါဘက်မှ လက်နက်ကြီး ပစ်ကူများဖြင့် အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို အောက်တိုဘာ ၁ရက်က ဂန့်ဂေါ-ကလေး လမ်းပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။