Connect with us

Hi, what are you looking for?

News

ဗားကရာ​ချောက်ယာဥ်တိုက်မှု ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရ

“ကျွန်တော်တို့က မီးပွိုင့်စိမ်းလို့အထွက်မှာ သူတို့ကားကထွက်လာတော့တိုက်မိပြီး ကားက ဗားကရာချောက်ပေါ်တတ်သွားတာ “ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ကြည့်မြင်တိုင် ဗားကရာမီးပွိုင့်၌ အောက်တိုဘာ ၂ ရက်ညနေက ယာဥ်တိုက်မှုဖြစ်ခဲ့ရာ နှစ်ဖက်စလုံးထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိခြင်းမရှိကြောင်း ခေတ်သစ်လူငယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့က မီးပွိုင့်စိမ်းလို့အထွက်မှာ သူတို့ကားကထွက်လာတော့တိုက်မိပြီး ကားက ဗားကရာချောက်ပေါ်တတ်သွားတာ “ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

လူမှူကူညီကယ်ဆယ်ရေးအဖွဲ့မှ ယာဥ်သည် ကိုးထပ်ကြီးဘုရားဘက်မှ ကမ်းနားလမ်းသို့သွားခြင်းဖြစ်ပြီး အိမ်စီးကားသည် ကမ်းနားဘက်မှ ကြည့်မြင်တိုင်အထက်လမ်းသို့ ကွေ့ခဲ့ရာမှ တိုက်မိခဲ့ခြင်းဖြစ်သည်။

ဗားကရာချောက်ပေါ်သို့တတ်နေသည့် ကားပုံသည် လူမှုကွန်ရက်အသုံးပြုသူများအကြား ပြန့်နှံ့မှုများပြားခဲ့ပြီး အဆိုပါမီးပွိုင့်၏ ချို့ယွင်းချက်ကြောင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယာဥ်ပိုင်ရှင်အချို့က မှတ်ချက်များရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်သွားကားလမ်းပေါ်မှာကားချင်း မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဘုန်းကြီး ရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူထံကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အဝေးပြေးယာဥ်နဲ့ ဘုရားဖူးယာဉ် တိုက်မှုဖြစ်ပြီး သံဃာ ၈ပါး အပါအဝင် ၁၁ဦးသေဆုံးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ Express ယာဉ်နဲ့ Light Truck တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကရုဏာရှင်လူမှူကူညီရေးအသင်းကအသိပေးထားပါတယ်။