Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကရင်ပြည်နယ်နေ့ ကျင်းပမယ့်အပေါ် ဒေသခံတွေမလိုလား

လုံခြုံရေးနဲ့ ကိုဗစ်ရောဂါအခြေအနေအရ စစ်ကောင်စီက ကျင်းပမယ့် ပြည်နယ်နေ့ပွဲတော်ကို မသွားသင့်ဘဲ အခုလို ပြည်နယ်နေ့ပွဲတော်ကို စစ်ကောင်စီက ကျင်းပပြုလုပ်သွားမယ်ဆိုတာကလည်း ပြည်သူတွေကို စော်ကားတာပဲလို့ ဘားအံမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

ပြည်သူတွေအခက်အခဲ အကြပ်အတည်းကြုံဆုံနေရတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပပြုလုပ်သွားမယ့်အပေါ် ကရင်ပြည်နယ်ဒေသခံတွေက ဝေဖန်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ အသတ်ခံနေရပြီး အဖမ်းဆီးခံနေရတဲ့အချိန်၊ ကိုဗစ်ကပ်ရောဂါနဲ့ အထွေထွေကုန်ဈေးနှုန်းတွေကြီးမြင့်တဲ့အချိန်၊ ဘားအံမြို့ပေါ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားတဲ့အချိန်မှာ ပြည်နယ်နေ့ပွဲတော်ကို မကျင်းပသင့်ဘူးလို့ကရင်ပြည်နယ်ဒေသခံတွေက ဆိုကြပါတယ်။

လုံခြုံရေးနဲ့ ကိုဗစ်ရောဂါအခြေအနေအရ စစ်ကောင်စီက ကျင်းပမယ့် ပြည်နယ်နေ့ပွဲတော်ကို မသွားသင့်ဘဲ အခုလို ပြည်နယ်နေ့ပွဲတော်ကို စစ်ကောင်စီက ကျင်းပပြုလုပ်သွားမယ်ဆိုတာကလည်း ပြည်သူတွေကို စော်ကားတာပဲလို့ ဘားအံမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

” အခုချိန်မှာ အခုလိုပွဲကျင်းပတာဟာ ပြည်သူတွေကို စော်ကားလိုက်တာပဲ။ ဘယ်သူမှမပျော်နိုင်ပါဘူး။ အခုချိန်မှာ စစ်ကောင်စီက သူလုပ်ချင်ရာကိုလုပ်နေတာပါ။ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပြည်သူတွေကို အာရုံပြောင်းတာလို့ မြင်မိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဘယ်လိုမှမနှစ်သက်ဘူး” လို့ ဘားအံမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ကရင်ပြည်နယ်ဒေသခံတစ်ဦးကလည်း ပြည်နယ်နေ့ပွဲတော်ကို အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ ဆန့်ကျင်ကန့်ကွက်ပြီး အခုလိုပွဲတော်ကိုကျင်းပပြုလုပ်တာဟာ လူထုတော်လှန်ရေးလှုပ်ရှားမှုကို လျှော့ချချင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

” ကျင်းပမယ့်နေရာက သူတို့ကိုယ်တိုင်တောင်မှ လုံခြုံရေးအပြည့်အဝမပေးနိုင်လို့ လမ်းတွေပိတ်ထားတဲ့နေရာကြီး။ ဌာနဆိုင်ရာရုံးတွေရှိတယ်။ ပွဲတော်ကျင်းပလို့သွားချင်တဲ့လူလည်းရှိမယ်။ မသွားချင်တဲ့လူလည်းရှိမယ်။ သွားချင်တဲ့လူတွေအတွက် ကျန်တဲ့မိသားစုတွေက စိတ်ပူနေရမယ်။ စစ်ကောင်စီကနေ ကျင်းပတာဖြစ်တဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ သူတို့အကျိုးအတွက် လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကျနော်ကတော့ ဆန့်ကျင်တယ်ဗျာ။ လက်ဝှေ့ပွဲက ကိုဗစ်ကာလအခြေအနေနဲ့က ဘယ်လိုမျိုးထိန်းချုပ်မလဲ ဘယ်လိုစနစ်ကျအောင်လုပ်မလဲဆိုတာကတော့ စစ်ကောင်စီအနေနဲ့ စနစ်ကျအောင် လုပ်ပေးဖို့လိုတယ်ပေါ့နော် သွားတဲ့လူတွေအတွက်ကိုပေါ့။ လူထုတော်လှန်ရေးအရှိန်ကို သူတို့ လျှော့ချင်တယ်။ အဓိကတော့ သူတို့အကျိုးအမြတ်အတွက်ပေါ့ ငွေအကျုးအမြတ်ပေါ့နော်”လို့ ကရင်ပြည်နယ်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ် ။

လတ်တလော ဘားအံမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေ ညစဉ်ညတိုင်းရှိနေပြီး ဗုံးပေါက်ကွဲတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။

ပြည်နယ်စစ်ကောင်စီဟာ ပြည်သူတွေ တော်လှန်ရေး နိုင်ငံရေးဘက်ကို အာရုံမရောက်စေဖို့အတွက် နည်းလမ်းပေါင်းစုံးအသုံးပြုနေပြီး ဒေသတွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖော်ဆောင်တာ၊ ပြည်နယ်ပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ပေးတာ စတာတွေဟာ ပြည်သူလူထုအပေါ် အာရုံလွဲပြောင်းသွားအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဘားအံမြို့ခံတွေက ဝေဖန်သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်